Home
မြန်မာသတင်း
ဘုရားဖူးလာ ကျောင်းသူ ကျောင်းသားများ စီးလာသည့် ယာဉ်တိမ်းမှောက်၊ ၁၇ ဦး ဒဏ်ရာရ
DVB
·
March 16, 2018
Car accident to ShweSatTaw
ဆယ်တန်းစာမေးပွဲ ဖြေဆိုပြီး ဘုရားဖူးလာ ကျောင်းသား ကျောင်းသူတွေကို တင်ဆောင်လာတဲ့ မော်တော်ယာဉ်တစီး မကွေးတိုင်းဒေသကြီး၊ မင်းဘူး စကုမြို့နယ်က မန်းရွှေစက်တော်ဘုရား လှေတင်အဆင်းမှာ ဒီနေ့မနက် တိမ်းမှောက်ခဲ့လို့ ၁၇ ဦး ဒဏ်ရာရခဲ့ပါတယ်။ မန်းရွှေစက်တော်ဘုရားဂေါပက ဥက္ကဋ္ဌ ဦးသိန်းလှိုင်က “မင်းဘူးမြို့နယ် သီးကုန်း၊ မုန်တောင်ကကား လှေတင်အဆင်းမှာ ဘရိတ်ပေါက်ပြီးတော့ CANTER ကား လူ၂၀ ကျော်လောက်ပါတယ်။ စာမေးပွဲဖြေပြီးတဲ့ ကလေးတွေနဲ့ ကျောင်းသားမိဘတွေလည်း ပါတယ်။ ၁၇ ဦး ဒဏ်ရာရတယ်။ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူး။ ကျိုးပဲ့တဲ့လူတော့ ရှိတယ်။ အခု မင်းဘူးဆေးရုံကို ပို့ပေးလိုက်ပါပြီခင်ဗျ။ ကလေးတယောက်ကတော့ လက်ကျိုးတယ် ထင်တယ်။ နောက်တယောက်က ကျောကုန်း အောင့်နေတယ်။ ကားသမားက ကိုယ်တခြမ်းနာသွားပြီး ကျန်တာတွေက ပွန်းရုံ ပဲ့ရုံပါ။ ရွှေစက်တော်မှာရှိတဲ့ တာဝန်ကျ ဆရာဝန်နဲ့ တာဝန်ကျ အထက်တန်းသူနာပြုတို့က စောင့်ရှောက်မှု ပြုလုပ်ပြီး မင်းဘူးပြည်သူ့ဆေးရုံကြီးကို ကား ၃ စီးနဲ့ ပို့ဆောင်ခဲ့တယ်” လို့  ဒီဗွီဘီကို ပြောပါတယ်။ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း အေးနိုင်ကို စကုနယ်မြေရဲစခန်းမှာ ယာဉ်မဆင်မခြင် မောင်းနှင်မှု ပုဒ္မ-၃၃၇/၃၃၈ နဲ့ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ သတင်း - မင်းထီး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024