Home
မြန်မာသတင်း
ကနီမြို့နယ်တွင် ဖုန်းအားသွင်းရာမှ မီးလောင်မှုကြောင့် နေအိမ် ၄ လုံး ဆုံးရှုံး
Aung Ko Latt
·
March 11, 2018
29027975_760071147531216_3327295818016476066_n
29027896_760071107531220_6089098946551866714_n
29026502_760071204197877_6507723101431517404_n
29025406_760071054197892_378224302507007916_n
28959386_760071027531228_6333762040415968363_n
  စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ ခုံကြီးအုပ်စု၊ ခုံကြီးကျေးရွာမှာ မတ် ၁၁ ရက်နေ့ မနက်ပိုင်းက ဖုန်းအားသွင်းရာကနေတဆင့် နေအိမ်အချို့ မီးလောင်ဆုံးရှုံးခဲ့ပါတယ်။ နေအိမ်အိပ်ခန်းအတွင်း အဝတ်ခြင်းထဲမှာ ဖုန်းအားသွင်းထားရာက အပူလွန်ကဲပြီး ဦးလှဝင်းနိုင် နေအိမ်ကတဆင့် မီးကူးစက်လောင်ကျွမ်းကာ နေအိမ် ၄ လုံးနဲ့ နွားတဲ ၁ လုံး မီးလောင်ခဲ့ပါတယ်။ မီးလောင်တာက မနက် ၉ နာရီအချိန်က စတင်ကာ လောင်ကျွမ်းခဲ့တာဖြစ်ပြီး ရွာသူ ရွာသားတွေအားလုံး ဝိုင်းဝန်းငြိမ်းသတ်ခဲ့လို့ ၁၀ နာရီခွဲလောက်အချိန်မှာ မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024