Home
မြန်မာသတင်း
ဖြူးမြို့နယ်တွင် ဘုန်းတော်ကြီးကျောင်းတကျောင်း မီးလောင်မှုဖြစ်ပွား
DVB
·
March 2, 2018
Phyu Monastry Fire
ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ အုတ်ကျင်းကျေးရွာရှိ စန်းမြိုင်ဘုန်းတော်ကြီးကျောင်းဟာ မတ်လ ၁ ရက်နေ့ ညနေ ၃ နာခွဲအချိန်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့လို့ ဖြူးမြို့နယ် မီးသတ်တပ်ဖွဲ့က မီးသတ်ကားတွေနဲ့ သွားရောက်မီးငြှိမ်းသတ်ခဲ့ရတယ်လို့ ဖြူးမြို့နယ် မီးသတ်ဌာနက တာဝန်ရှိသူတဦးက ပြောပါတယ်။ ဘုန်းတော်ကြီးကျောင်းရှိ ဘုရားခန်းမှာ ဘုရားမီး ပူဇော်ထားတဲ့ လျှပ်စစ်မီးက အပူလွန်ကဲကာ ဝါယာရှော့ခ်ဖြစ်ပြီး စတင်မီးလောင်ကျွမ်းခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဖြူးမြို့နယ် မီးသတ်ဌာနမှ မြို့နယ်မီးသတ်ဌာန ဦးစီးမှူး ဦးသက်ဝင်းက “လျှပ်စစ်မီးနဲ့ အမြဲ ဘုရားမီး ပူဇော်ထားရာကနေ အပူလွန်ကဲပြီး လောင်တာပါ။ ဖြူးမြို့နယ် မီးသတ်က မီးသတ်ကားတွေ သွားရောက်ငြှိမ်းသတ်ခဲ့တာပါ။ ဘုန်းကြီးကျောင်း အပေါ်ထပ်တော့ ကုန်သွားတယ်။ သေဆုံး ဒဏ်ရာရရှိမှုတော့ မရှိပါဘူး။ ပျက်စီးဆုံးရှုံးမှုကတော့ ခြောက်သိန်းကျော် ရှိတယ်။ ကျောင်းရဲ့ကပ္ပိယကို မီးပေါ့ဆမှုနဲ့ အမှုဖွင့်ထားပါတယ်” လို့  ဒီဗွီဘီကို ပြောပါတယ်။ မီးလောင်ကျွမ်းမှုကြောင့် နှစ်ပေါင်း ၆၀ ကျော် သက်တမ်းရှိ ၃၅ ပေ× ၂၇ ပေ အကျယ်အဝန်းရှိတဲ့ အုတ်ခံ ပျဉ်ထောင်သွတ်မိုး နှစ်ထပ်ကျောင်းဆောင်တခု ပျက်စီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ် ၆၇၀၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။ သတင်း - ကျော်အောင်(ကညွတ်ကွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024