အထက်မင်းလှမြို့နယ်တွင် တရားမဝင် ခိုးဝင်ဘင်္ဂါလီ ၅ ဦး ဖမ်းမိ
DVB
·
March 1, 2018
မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်မှာ မတ်လ ၁ ရက်နေ့ မနက် ၁၁ နာရီလောက်က တရားမဝင် ခိုးဝင်ဘင်္ဂါလီ ၅ ဦး ဖမ်ဆီးရမိခဲ့တယ်လို့ ရဲက ပြောပါတယ်။
ရေနံမ နယ်မြေရဲစခန်း အပိုင်နယ်မြေအတွင်း တရားမဝင် ဘဂါင်္လီတွေ ရောက်ရှိနေတယ်လို့ သတင်းအရ နေရာ ၄ နေရာကို အဖွဲ့ ၄ ဖွဲ့ ဖွဲ့ပြီး ပိတ်ဆို့ရှာဖွေရာ ပုသိမ်-မုံရွာကားလမ်း မိုင်တိုင် (၂၃၅/၄) အနီး ကားလမ်းမပေါ်မှာ တရားမဝင် ဘဂါင်္လီ ၅ ဦးကို ဖမ်းဆီးမိခဲ့တာလို့ ရေနံမနယ်မြေစခန်းမှူး ရဲအုပ်မျိုးမင်းထွန်းက ဒီဗွီဘီကို ပြောပါတယ်။
"သူတို့ကို စစ်ဆေးလိုက်တော့ ရခိုင်ပြည်နယ် မင်းပြားမြို့နယ်ကနေ လွန်ခဲ့တဲ့ ၇ ရက်လောက်ကတည်းက တောလမ်းခရီးအတိုင်း ရန်ကုန်ကို အလုပ်လုပ်ဖို့ ခြေကျင် လာရောက်တာ" လို့ ထွက်ဆိုခဲ့ကြောင်း ပြောပါတယ်။
အဆိုပါ အထောက်ထားမဲ့ တရားမဝင် ခိုးဝင် ဘင်္ဂါလီ ၅ ဦးကို မင်းလှမြို့နယ် လ.ဝ.က နဲ့ ပူးပေါင်းပြီး လ.ဝ.က အက်ဥပဒေအရ အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
သတင်း - မင်းထီး