Home
မြန်မာသတင်း
မိတ္ထီလာတွင် ယောက္ခမနှင့်သမက် စကားများရာမှ လူသတ်မှုဖြစ်
DVB
·
March 1, 2018
kill
မိတ္ထီလာမြို့နယ်၊ မွေရွာမှာ ဖေဖော်ဝါရီ ၂၈ ရက်က ယောက္ခမနဲ့သမက် စကားများရာကနေ သမက်က တုတ်နဲ့ ရိုက်လိုက်ရာ ယောက္ခမဖြစ်သူ သေဆုံးသွားတယ်လို့ မိတ္ထီလာမြို့မရဲစခန်းက ပြောပါတယ်။ မိတ္ထီလာမြို့နယ် မွေရွာနေ အသက် ၆၀ နှစ်ရှိ ဒေါ်ညွန့်ရီဟာ ရွာရဲ့အရှေ့မြောက်ဘက် ၃ ဖာလုံအကွာက လယ်တောထဲမှာနေတဲ့ သမက်ဖြစ်သူ အသက် ၃၄ နှစ်ရှိ ရဲထွန်းသန့်နဲ့ သမီးဖြစ်သူ မမိုးဆွေ(ခ)မသန်းသန်းဆင့်တို့ဆီ သွားပြီး ‎စကားများကြရာက ရဲထွန်းသန့်က အရှည် ၂ ပေ ၈ လက်မ လုံးပတ် ၄ လက်မရှိတဲ့ ဝါးဆစ်ပိတ်တုတ်နဲ့ ဦးခေါင်းကို ရိုက်လိုက်လို့ မိတ္ထီလာဆေးရုံမှာ ဆေးကုသရင်း သေဆုံးသွားခဲ့ပါတယ်။ မိတ္ထီလာမြို့မရဲစခန်းစခန်မှူး ဒုရဲမှူးကျော်ထင်က “ရဲထွန်းသန့်နဲ့ ဒေါ်ညွန့်ရီတို့ ယာထွက်သီးနှံနဲ့ နေအိမ်တို့ရဲ့ ငွေကြေးအရှုပ်အရှင်း စကားများရာက ရဲထွန်းသန့်က ဒေါ်ညွန့်ရီကို ရိုက်လိုက်တာပါ။ မိတ္ထီလာဆေးရုံမှာ ဆေးကုနေတုန်း သေဆုံးသွားတယ်” လို့ ပြောပါတယ်။ မိတ္ထီလာမြို့မရဲစခန်းက ရဲထွန်းသန့်ကို  လူသတ်မှု ရာဇသတ်ကြီးပုဒ်မ-၃၀၂ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013