အရှည် ၄ ပေခန့်ရှိ ဗုံးသီးဟောင်း ၁ လုံး ကျောက်ဆည်တွင် တွေ့ရှိ
DVB
·
February 13, 2018
အရှည် ၄ ပေ လောက်ရှိတဲ့ ဗုံးသီးဟောင်း တလုံးကို မန္တလေးတိုင်း ကျောက်ဆည်မြို့နယ်၊ ငှက္ကတောင်ကျေးရွာမှာ ဖေဖော်ဝါရီ ၁၁ ရက်က တွေ့ရှိခဲ့တယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပါတယ်။
ငှက္ကတောင်ကျေးရွာနေ ဦးခိုင်မိုးဝင်း ဆိုသူရဲ့ နေအိမ် ခြံဝင်းအတွင်း အိမ်ဆောက်ဖို့ မြေတူးစဉ် ဗုံးသီးဟောင်း တလုံး တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
သတင်းအရ နယ်မြေခံ စစ်မြေပြင် အင်ဂျင်နီယာတပ်က သွားရောက်ရှင်းလင်းရှာဖွေရာမှာ အရှည် ၃ ပေ ၈ လက်မ၊ လုံးပတ် ၃၆ လက်မ၊ အချင်း ၁၈ လက်မခန့်ရှိ ဗုံးသီးဟောင်း တလုံးကို တွေ့ရှိသိမ်းဆည်းရမိခဲ့တာ ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး