ပြည်ထောင်စုနေ့ ဂုဏ်ပြုသည့်အနေဖြင့် အမှိုက်ကောက်ပြိုင်ပွဲ ကျင်းပ
သူဇာလင်း
·
February 12, 2018
၇၁ နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနဲ့ ပူးပေါင်းပြီး မြန်မာ - ဂျပန် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအသင်းတို့ အမှိုက်ကောက်ခဲ့ကြပါတယ်။
ရန်ကုန်မြို့လယ်၊ မဟာဗန္ဓုလ ပန်းခြံတဝိုက်မှာ အုပ်စု ၄ ခုခွဲကောက်ခဲ့ကြပြီး အမှိုက်အများဆုံးရတဲ့ အဖွဲ့ ၃ ဖွဲ့ကို ပထမဆု၊ ဒုတိယဆုနဲ့ တတိယဆုတွေ ချီးမြှင့်ပေးသွားမှာဖြစ်ပါတယ်။
အခုလို အမှိုက်ကောက်တာက ဂျပန်-မြန်မာချစ်ကြည်ရေးတိုးပွားပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်စေဖို့အတွက်လည်း ရည်ရွယ်တာလို့ ပြောပါတယ်။