Homeသတင်းဓာတ်ပုံ
ပြည်ထောင်စုနေ့ သစ်သီးဝလံပန်းမန်ပြပွဲပြိုင်ပွဲ မန္တလေး ကန်တော်ကြီးဥယျာဉ်တွင် ကျင်းပမည်
ပြည်ထောင်စုနေ့ သစ်သီးဝလံပန်းမန်ပြပွဲပြိုင်ပွဲ မန္တလေး ကန်တော်ကြီးဥယျာဉ်တွင် ကျင်းပမည်
DVB
·
February 8, 2018
ပြည်ထောင်စုနေ့ အထိမ်းအမှတ်အတွက် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်ပြပွဲ ပြိုင်ပွဲကို မန္တလေး ကန်တော်ကြီးဥယျာဉ်မှာ ဖေဖော်ဝါရီ ၁၀ ရက်ကနေ ၁၆ရက်ထိ ကျင်းပမှာဖြစ်ပါတယ်။
နေ့ခင်းပိုင်းမှာ ပြပွဲတွေခင်းကျင်းပြသဖို့ရှိပြီး ညပိုင်းမှာတော့ မြို့မတူရိယာ၊ နန်းမြို့လုလင် တေးဂီတ၊ ရောင်ခြည်တေးဂီတ စတဲ့ ညစဉ် ၇ ရက်ဆက်တိုက် ဖျော်ဖြေရေး အစီအစဉ်တွေနဲ့အတူ ဈေးရောင်းပွဲတော်တွေ ပါဝင်တယ်လို့ မန္တလေးစည်ပင်သာယာရေးကော်မတီက ပြောပါတယ်။