မောင်တောတွင် လက်လုပ်မိုင်း ၁၀ လုံး တွေ့ရှိ
DVB
·
February 11, 2018
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ မဲဒီ(ဘင်္ဂါလီ) ကျေးရွာမှာ သံချေးတက်လက်လုပ်မိုင်း ၁၀ လုံး သိမ်းဆည်းရမိတယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီ ၁၀ရက်နေ့ မနက် ၁၁ နာရီအချိန်လောက်က မောင်တောမြို့နယ်၊ မဲဒီ(ဘင်္ဂါလီ) ကျေးရွာ (လူနေထိုင်ခြင်းမရှိ) တောင်ကုန်းစောင်းမှာ မသင်္ကာဖွယ်မြေကျင်းအတွင်း ပလတ်စတစ်ပုံးပြတ် ၁ လုံးတွေ့ရှိကြောင်း သတင်းအရ တပ်မတော်သားတွေနဲ့ အမှတ် (၂ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှ ရဲတပ်ဖွဲ့ဝင်တွေ သွားရောက်စစ်ဆေးခဲ့တယ်။
စစ်ဆေးရာမှာ အကျယ် ၃ ပေ၊ အနက် ၃ ပေ မြေကျင်းအတွင်းရှိ ပလတ်စတစ်ပုံးတွင်းမှ သံချေးတက် လက်လုပ်မိုင်း ၁၀ လုံးကို တွေ့ရှိပြီး သက်မဲ့ပြုလုပ် သိမ်းဆည်းခဲ့တယ်လို့ သတင်းမှာ ဖော်ပြထာါးပတယ်။