Home
မြန်မာသတင်း
ရေးမြို့ပင်လယ်ပြင်တွင် ဓားဖြင့်ထိုးခံရသည့် ဖောင်ဦးစီး ရေထဲပြုတ်ကျ ပျောက်ဆုံး
DVB
·
November 10, 2017
yae
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကပ္ပလီပင်လယ်ပြင်မှာ နိုဝင်ဘာ ၈ ရက် မနက်ပိုင်းက ရေလုပ်ငန်းရှင် ဦးလင်းလင်းရဲ့ ငါးဖမ်းကျားဖောင်ပေါ်က ဖောင်ဦးစီးတဦး ဓားထိုးခံရပြီး ပင်လယ်ထဲပြုတ်ကျ ပျောက်ဆုံးသွားခဲ့တယ်လို့ ရေးမြို့မရဲစခန်းက ပြောပါတယ်။ ရေးမြို့မ ရဲစခန်းမှူး ဒု-ရဲမှူး စိုးမွန်က “ဖောင်ဦးစီး ဦးသက်နိုင်နဲ့ ရေလုပ်သားတွေဖြစ်တဲ့ စိုးကိုကိုနဲ့ ကိုဇွဲတို့ ၃ ဦး အလုပ်လုပ်နေရင်း ဦးသက်နိုင်က စိုးကိုကိုကို ဆဲဆို ကြိမ်းမောင်းရာကနေ စိုးကိုကိုက မကျေနပ်လို့ ငါးခွဲဓားနဲ့ ဦးသက်နိုင်ဝမ်းဗိုက်ကို ထိုးသွင်းလိုက်လို့ ဒဏ်ရာနဲ့ ရေထဲပြုတ်ကျ ပျောက်ဆုံးနေတာ” လို့ ပြောပါတယ်။ ရေလုပ်သား ကိုဇွဲက ဖောင်ဦးစီး ဦးသက်နိုင် ဒဏ်ရာနဲ့ ရေထဲပြုတ်ကျသွားလို့ လိုက်လံရှာဖွေခဲ့ပေမယ့် မတွေ့လို့ ငါးပေါင်းဦးစီးချုပ် ဦးမျိုးအောင်ကို ဆက်သွယ်အကြောင်းကြားပြီး နိုဝင်ဘာ ၉ ရက် ညပိုင်းက စိုးကိုကိုကို ရေးမြို့မရဲစခန်းမှာ တိုင်တန်းမှု ပြုလုပ်ခဲ့တာပါ။ ရေးမြို့မရဲစခန်းက ဖောင်ဦးစီးကို ဓားနဲ့ထိုးခဲ့တဲ့ စိုးကိုကိုကို ရာဇသတ်ကြီး ပုဒ်မ-၃၀၇ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။ နေမျိုးထွဋ် (ရေး)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024