Yangon Art Expo 2017 ပွဲတော် ကျင်းပ
DVB
·
November 4, 2017
နိုင်ငံတကာယဉ်ကျေးမှု စီမံကိန်းတစ်ခုဖြစ်တဲ့ Yangon Art Expo 2017 ပွဲတော်ကို ရန်ကုန်မြို့၊ Junction City Tower မှာ နိုဝင်ဘာလ ၄ ရက်နေ့က စတင်ပြီးကျင်းပနေပါတယ်။
အခုပွဲတော်ဟာ ခေတ်ပြိုင်အနုပညာတွေကို ဦးစားပေးတင်ဆက်ထားတာကြောင့် မြန်မာနိုင်ငံက ပြည်သူတွေအနေနဲ့ ဆန်းသစ်တဲ့ ရသတွေကို ခံစားနိုင်စေ ဖို့အတွက် ဒီပွဲကိုကျင်းပတာဖြစ်ပါတယ်။
အဲဒီပွဲမှာတော့ မြန်မာနိုင်ငံက နာမည်ကြီး ပန်းချီအနုပညာရှင်တွေနဲ့ တက်သစ်စ ပန်းချီအနုပညာရှင် ၇၁ ဦးရဲ့ ပန်းချီကားတွေကို ပြသနေတာဖြစ်ပြီး ပန်းချီပြပွဲကို နိုဝင်ဘာ ၄ ရက်နေ့မှ ၁၂ ရက်နေ့ထိ ကျင်းပသွားမှာပါ။
ပန်းချီပြပွဲဖွင့်ပွဲအခမ်းအနားကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ အီတလီသံအမတ်၊ ပြပွဲတာဝန်ရှိသူတွေနဲ့ ပန်းချီဆရာတွေ တက်ရောက်ခဲ့ကြပါတယ်။