Home
မြန်မာသတင်း
မြိတ်မြို့ တန်ဆောင်တိုင် လေးကျွန်းဆီမီးသိမ်တော်ကြီးတွင် ဘုရားဖူးများဖြင့် စည်ကား
DVB
·
November 4, 2017
tg5
tg3
tg2
tg1
tg
tg4
မြန်မာသက္ကရာဇ် ၁၃၇၉ ခုနှစ် တန်ဆောင်မုန်းလပြည့် တန်ဆောင်ပွဲတော်အတွင်း မြိတ်မြို့ လေးကျွန်းဆီမီးသိမ်တော်ကြီးမှာ ဘုရားဖူးတွေနဲ့ အထူးစည်ကား ခဲ့ပါတယ်။ တန်ဆောင်တိုင်ပွဲတော်အတွင်း ရပ်ကွက်အသီးသီးက အလှူရှင်တွေ ကန်ကြီးရေကန်ဘောင်မှာ လာရောက်စုပေါင်းပြီး ရိုးရာမုန့်နဲ့အစားအသောက်မျိုးစုံ စတုဒိသာ ကျွေးမွေးခဲ့ပါတယ်။ ဒီနှစ်က အရင်နှစ်တွေထက် ပိုစည်ကားသလို အစားအသောက်တွေလည်း စုံလင်ပြီး စတုဒီသာပွဲကို အလွှာပေါင်းစုံက အားပေးကြတော့ စေတနာရှင်တွေလည်း ၀မ်းသာကြတယ်လို့ စတုဒိသာပွဲစီစဉ်သူ မြစ်ငယ် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ကြံက ပြောပါတယ်။ မြိတ်မြို့ လေးကျွန်းဆီမီးသိမ်တော်ကြီး စေတီတော်အပြင် တခြားတန်းခိုးကြီး ဘုရားတွေမှာလည်း  ဘုရားဖူးလာသူတွေနဲ့ အထူးစည်ကားခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024