လွှတ်တော်အဆောက်အဦအား ဒရုန်းဖြင့် ဓာတ်ပုံရိုက်ကူးရန် ကြိုးစားသူများအား အမှုဖွင့်
DVB
·
October 28, 2017
နေပြည်တော်က လွှတ်တော် အဆောက်အဦတွေကို ခွင့်ပြုချက်မရှိဘဲ ဒရုန်းနဲ့ ရိုက်ကူးဖို့ စီစဉ်ခဲ့တဲ့ နိုင်ငံခြားသတင်းဌာန သတင်းထောက်တွေကို ပို့ကုန်သွင်းကုန် ဥပဒေနဲ့ အမှုဖွင့်ထားပါတယ်။
တူရကီနိုင်ငံ အခြေစိုက် စင်္ကာပူရုံးခွဲ TRTသတင်းဌာနက မလေးရှားနိုင်ငံသူ MOK CHOY LIN ၊ စင်္ကာပူနိုင်ငံသား LAU HON MENG၊ စကားပြန် အောင်နိုင်စိုးနဲ့ ယာဉ်မောင်းတို့ကို အောက်တိုဘာ ၂၇ ရက် မနက်ပိုင်းက ဒရုန်းလွှတ်တင်နေတုန်း လွှတ်တော် လုံခြုံရေး အဖွဲ့က သတင်းပို့လို့ အမှတ် ၅ ရဲစခန်းမှာ ခေါ်ယူ စစ်ဆေးခဲ့ပါတယ်။
ကနဦးစစ်ဆေးချက်တွေအရ မြန်မာနိုင်ငံရဲ့ရှုခင်းတွေ၊ လှပတဲ့ အဆောက်အဦတွေ၊ ဘုရားစေတီနဲ့ လွှတ်တော်အဆောက်အဦတွေကို ရိုက်ကူးတာလို့လည်း ပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါတယ်။
ဒါနဲ့ ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူ သံရုံးနဲ့ မလေးရှားသံရုံးတွေကို အကြောင်းကြားထားတယ်လို့လည်း သိရပါတယ်။
လတ်တလောမှာတော့ သူတို့ အသုံးပြုခဲ့တဲ့ ဒရုန်းဟာ ခွင့်ပြုချက်မရှိပဲ တင်သွင်းလာတာဖြစ်တယ်ဆိုပြီး ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ နဲ့ အမှုဖွင့်ထားပြီး ဖမ်းဆီးစစ်ဆေးနေတယ်လို့လည်း သိရပါတယ်။