မန်ဝိန်းကြီးကျေးရွာတွင် မူးယစ်ဆေးဝါး ကျပ်သိန်း ၅၀၀ ကျော် ဖမ်းမိ
DVB
·
October 27, 2017
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မန်စီမြို့နယ်၊ မန်ဝိန်းကြီးကျေးရွာမှာ အောက်တိုဘာ ၂၆ ရက် ညနေပိုင်းက မူးယစ်ဆေးဝါး ကျပ်သိန်း ၅၀၀ ကျော်ဖိုး ဖမ်းဆီးရမိခဲ့တယ်လို့ မန်ဝိန်းကြီးနယ်မြေ ရဲစခန်းမှူး ရဲအုပ်ခင်မောင်ထွန်းက ပြောပါတယ်။
မန်ဝိန်းကြီးနယ်မြေရဲ့တပ်ဖွဲ့ဝင်တွေဟာ သတင်းအရ မန်ဝိန်းကြီးကျေးရွာ ရပ်ကွက် ၄ နေ ဒေါ်ညုံနားရဲ့ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၆၄၆ ပြား၊ ဘိန်းဆီအမျှင်ခြောက်(ခတ်ပုံ) ၃၅ ဂရမ်နဲ့ မူးယစ်ဆေးဝါးရောင်းရငွေ ၁၂၀၀၀၀ ကျပ်၊ ဦးရှောင်းလောင်း (ခ) စင်းယူးဂမ် (ခ) လဂျာ နေအိမ်က WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၇၅၆၅ ပြားနဲ့ မူးယစ်ဆေးဝါးရောင်းရငွေ ၉ သိန်းကျပ်၊ပေါင်း ကျပ်သိန်း ၅၀၀ ကျော်ဖိုး ဖမ်းဆီးရမိခဲ့တယ်လို့ မန်ဝိန်းကြီးနယ်မြေရဲစခန်းမှူး ရဲအုပ်ခင်မောင်ထွန်းက ပြောပါတယ်။
မန်ဝိန်းကြီးနယ်မြေရဲစခန်းက မူးယစ်ဆေးဝါးတွေ လက်ဝယ်တွေ့ရှိသူ ဒေါ်ညုံနားနဲ့ ဦးရှောင်းလောင်း (ခ) စင်းယူခမ်း (ခ) လဂျာတို့ နှစ်ဦးကို မူးယစ်ဆေးဝါး ဥပဒေအရ အရေးယူထားပါတယ်။
ကိုကိုလင်း(အင်းတော်)