အနာဂတ် ကလေးငယ်များကို ထောက်ပံ့နိုင်မည့်ပညာရေးက အရေးကြီးဟု ၀န်ကြီးပြော
DVB
·
October 15, 2017
ကမ္ဘာနိုင်ငံအသီးသီးက လက်ခံတဲ့ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်ပြီး အနာဂတ် ကလေးငယ်တွေကို ထောက်ပံ့နိုင်မယ့် ပညာရေးက အင်မတန်အရေးကြီးတယ်လို့ အခြေခံစာတတ်မြောက်ရေး လုပ်ငန်းကြီးကြပ်မှု ဗဟိုကော်မတီ နာယက ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ပြောပါတယ်။
အောက်တိုဘာ ၁၄ ရက် က ဘားအံမြို့ ဇွဲကပင်ခန်းမမှာ ကျင်းပပြုလုပ်တဲ့၂၀၁၇ ခုနှစ် ကရင်ပြည်နယ် အခြေခံ စာတတ်မြောက်ရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနားမှာ ပြောဆိုလိုက်တာပါ။
အဆိုပါ စာတတ်မြောက်ရေး လုပ်ငန်းခွင်ဝင်ဖို့ ဘားအံတက္ကသိုလ်မှ ကျောင်းသား ကျောင်းသူ ၁၂၅ ဦးနဲ့ ကြီးကြပ်သူ ၁၁ ဦး၊ တောင်ငူတက္ကသိုလ်မှ ကျောင်းသား ကျောင်းသူ ၃၃ ဦးနဲ့ ကြီးကြပ်သူ ၃ ဦးတို့က ကရင်ပြည်နယ်ရှိ ကျေးရွာပေါင်း ၇၆ ရွာရှိ စာသင်ဝိုင်း ၁၁၄ ၀ိုင်းတွေကို သွားရောက်ပြီး စာသင်ကြားပေးမှာ ဖြစ်ပါတယ်။
ရဲမင်းခေါင်