နမ့်စန်မြို့တွင် စိတ်ကြွဆေးပြားရောင်းချသည့် လင်မယားနှစ်ဦးအား ဖမ်းမိ
DVB
·
September 10, 2017
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့မှာ စက်တင်ဘာ ၉ ရက် မွန်းလွဲ ၂ နာရီခွဲက စိတ်ကြွဆေးပြား ရောင်းချသူ လင်မယားနှစ်ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
နမ့်စန်မြို့နယ်ရှိ သက်ဆိုင်ရာရဲတပ်ဖွဲ့တွေနဲ့ တာဝန်ရှိသူတွေ ပူးပေါင်းပါဝင်တဲ့ အဖွဲ့ဟာ အမှတ်(၄)ရပ်ကွက် စွယ်တော်လမ်းမှာ မူးယစ်ဆေးဝါးများ ရောင်းချနေတယ်လို့ သတင်းရတဲ့အတွက် အိုက်ခမ်နဲ့ မလုံးလုံးအိ(ခ)မဖြူတို့ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တာလို့ နမ့်စန်မြို့မရဲစခန်းမှ ဒုရဲအုပ် မျိုးမင်းမင်းဦးက ပြောပါတယ်။
88 တံဆိပ်ပါ စိတ်ကြွဆေးပြား ၂၀၀ ပြားပါတထုပ်နဲ့ ၁၉၆ ပြားပါတထုပ် ၊ WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၂၀၀ ပြားပါ တထုပ်၊ ၁၆၅ ပြားပါတထုပ် စုစုပေါင်း ၇၉၁ ပြား နဲ့ ငွေစက္ကူရောရာ ၁၀ သိန်း ၅ သောင်း အား ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
နမ့်စန်မြို့မရဲစခန်းက အိုက်ခမ်းနဲ့ မလုံး(ခ) မဖြူ တို့ကို မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချမှုနဲ့ အရေးယူထားတယ်လို့ သိရပါတယ်။