ဒေါ်အောင်ဆန်းစုကြည်နှင့် အာစီအက်စ်အက်စ်ဥက္ကဋ္ဌ တွေ့ဆုံမည်
DVB
·
September 9, 2017
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရခေါင်းဆောင်တွေနဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (အာစီအက်စ်အက်စ်) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ရွက်ဆစ်ဦးဆောင်တဲ့ အဖွဲ့တို့ တွေ့ဆုံဆွေးနွေးသွားမယ်လို့ အာစီအက်စ်အက်စ်က သတင်းထုတ်ပြန်ပါတယ်။
ဒီလိုတွေ့ဆုံဆွေးနွေးဖို့ အစိုးရရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနကတဆင့် ဖိတ်ကြားလာတာကြောင့် ဒါဟာနှစ်ဖက်ယုံကြည်မှုကို ပိုမိုခိုင်မာလာစေမယ်လို့ ယူဆကြောင်း၊ ဒီတွေ့ဆုံဆွေးနွေးမှုခရီးစဉ်အတွင်းမှာ အာစီအက်စ်အက်စ် အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်မှုတွေ၊ နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပြည်သူလူထုအတွက် ဒေသခံဖွံ့ဖြိုးရေး ဆိုင်ရာလုပ်ငန်းတွေကို သက်ဆိုင်ရာ ခေါင်းဆောင်တွေနဲ့ ညှိနှိုင်းဆွေးနွေးသွားမှာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။