Home
မြန်မာသတင်း
မိုးညှင်းတွင် စကားများရန်ဖြစ်ရာမှ ဓားဖြင့်ခုတ်၊ ၁ ဦးသေ
DVB
·
August 26, 2017
knife
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ၊ မိုင်းပုတ်အုပ်စု၊ နန့်ပုတ်ကျေးရွာမှာ သြဂုတ် ၂၂ ရက် ည ၁၂ နာရီ ၄၅ မနစ်က ခိုက်ရန်ဖြစ်ပွားရာမှ ဓားနဲ့ခုတ်သတ်မှု တခု ဖြစ်ပွားခဲ့တယ်လို့ မိုးညှင်းရဲစခန်းက ပြောပါတယ်။ ဖြစ်ပွားပုံမှာ တရားလိုဟာ အဲဒီနေ့က နေအိမ်မှာ ရှိနေစဉ် နန့်ပုတ်ကျေးရွာဦးပိုင်းရှိ       ဦးထွန်းနိုင်ရဲ့ နေအိမ်အောက်ထပ်မှာ လယ်အငှားလုပ်ကိုင်သူ ခင်မောင်ချင်းနဲ့ တရွာတည်းနေ ဝင်းနိုင်တို့ ခိုက်ရန်ဖြစ်ပွားကြရာ ဝင်းနိုင်က အရိုးအသွား ၂၀ လက်မလောက်ရှိတဲ့ ကိုင်းခုတ်ဓားဖြင့်ခုတ်ရာ  ခင်မောင်ချင်းရဲ့ ဝဲဘက်လက်မောင်း၊ ယာဘက်လက်မောင်း၊ လည်ကုတ်မှာ ပြတ်ရှဒဏ်ရာတချက်စီ ရရှိခဲ့ပြီး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ တရားလို   ရာအိမ်မှုး ဦးကုလား(ခေါ်)    ဦးဝင်းနိုင်ရဲ့ တိုင်ကြားမှုကြောင့် အမူစစ် ရဲအုပ်ဗျက်ဆန်းက ၀င်းနိုင်ကို   ရာဇသတ်ကြီး ပုဒ်မ ၃၀၂ နဲ့ လုံးတုံရဲစခန်းမှာ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။ မုန်းမုန်းမင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024