ညောင်လေးပင်တွင် အမျိုးသား ၁ ဦး ဆွဲကြိုးချသေဆုံး
DVB
·
August 23, 2017
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ဆုံကုန်ကျေးရွာမှာ သြဂုတ် ၂၂ ရက် မနက် ၁၀ နာရီခွဲက လူ ၁ ဦးကြိုးဆွဲချသေဆုံးမှု ဖြစ်ခဲ့တယ်လို့ မြို့မစခန်းမှူးက ပြောပါတယ်။
ဆုံကုန်းကျေးရွာ ဘုရားလမ်းဘေး လူမနေတဲ့ခြံအလွတ်ရှိအမြင့် ၁၀ ပေလောက်ရှိတဲ့ ကုက္ကိုပင်မှာ လည်ပင်းမှာ ကြိုးတန်းလန်းနဲ့ လက်သီးဆုပ်ထားလျက် ပါးစပ်က သွားရည်တွေကျပြီး သေဆုံးနေတာဖြစ်တယ်လို့ ဆိုပါတယ်။
ဒုရဲမှူးဇော်မိုးက “ကျနော်တို့ကို ဖုန်းဆက်အကြောင်းကြားလို့ သွားရောက်စစ်ဆေးခဲ့တာပါ။ ခုတော့ရဲဆေးစာနဲ့ အလောင်းကို ဆေးရုံကို ပို့ထားပါတယ်။ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ်စစ်ဆေးနေပါပြီ။ အမှုကတော့ သေမှုသေခင်းနဲ့ ဖွင့်ရမှာပါ” လို့ ဒီဗွီဘီ ကိုပြောပါတယ်။
သေဆုံးသူ ဇော်ဝမ်းအသက (၄၄)နှစ်ရှိ ဆိုသူဟာ ဂျောင်းတာကျေးရွာမှာ နေထိုင်ပြီး ဆုံကုန်ကျေးရွာကို အလည်လာနေတဲ့အချိန်မှာ ခုလိုဖြစ်သွားတာဖြစ်ပြီး ဇော်ဝမ်းမှာ မိသားစုစီးပွားရေးအဆင်မပြေလို့ စိတ်ညစ်နေသူတဦးဖြစ်ကာ ဘယ်သူနဲ့မှလည်း ရန်ငြှိုး ရန်စရှိသူမဟုတ်ဘူးလို့ ရဲမှတ်တမ်းအရ သိရပါတယ်။
ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ညောင်လေးပင်မြို့မ ရဲစခန်းက သေမှုသေခင်းအမှတ် (၁၅/၁၇) အမှုဖွင့်ထားထားတယ်လို့ သိရပါတယ်။
သတင်း၊ဓာတ်ပုံ-နေလင်းထိုက်