မိုးညှင်းမြို့ဝင်ဂိတ်တွင် လိုင်စင်မဲ့ကား ၃ စီး သိမ်းဆည်းရမိ
DVB
·
August 18, 2017
ကချင်ပြည်နယ်၊ မိုးညှင်းမြို့အဝင် နန့်ပုတ်ကျေးရွာ မြို့အဝင် ဘီးခွန်ဂိတ်မှာ သြဂုတ် ၁၇ ရက် မနက်အစောပိုင်းက လိုင်စင်မဲ့ယာဉ်တွေ ဝင်ရောက်မှု မရှိစေရေး ရှောင်တခင်စစ်ဆေးစဉ် စစ်ကိုင်းတိုင်းကနေ ကချင်ပြည်နယ်ဘက် မောင်းနှင်လာတဲ့ လိုင်စင်မဲ့ကား ၃ စီးနဲ့ ယာဉ်မောင်း ၃ ဦးတို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ မိုးညှင်းရဲစခန်းက ပြောပါတယ်။
ယာဉ်တွေကို မိုးညှင်း အမှတ် ၁၀၁ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှ ဒုရဲမှူးမြင့်မိုးက သက်သေတွေနဲ့အတူ စစ်ဆေးရာ ယာဉ်နဲ့ပတ်သက်တဲ့ အထောက်အထားတစုံတရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်ဖြစ်နေလို့ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
ယာဉ်မောင်း စိုင်းမင်းလွင် သက်သေခံယာဉ် MDY 3M/6411 VOXY ခဲရောင်၊ ယာဉ်မောင်း အောင်အောင် သက်သေခံယာဉ် YGN 41/2804 HONDAEDIX အဖြူရောင်ယာဉ် နဲ့ ယာဉ်မောင်း တင်မိုး သက်သေခံယာဉ် MDY 8K/6386 ADVAN အဖြူရောင်ယာဉ်တို့ကို (ပ)၁၂၂/၁၇ (ပ)၁၂၃/၁၇ (ပ)၁၂၄/၁၇ ပို့သွင်းဥပဒေပုဒ်မ ၈ တို့နဲ့ မိုးညှင်းမြို့မရဲစခန်းမှာ ဒုရဲမှုးမြင်မိုးက တရားလိုပြုပြီး သိမ်းဆည်းအရေးယူထားတယ်လို့ သိရပါတယ်။
မိုးညှင်းမြို့အဝင်ဂိတ်မှာ မကြာခဏ စစ်ဆေးသိမ်းဆီးရမိတဲ့ လိုင်စင်မဲ့ကားတွေကို ကချင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်လိုက်တယ်လို့ မိုးညှင်းရဲစခန်းက ပြောပါတယ်။
မုန်းမုန်းမင်း