ခမောက်ကြီးမြို့တွင် ပိုင်ရှင်မဲ့ သစ်ခွဲသားများ သိမ်းဆည်းရမိ
DVB
·
May 13, 2017
ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၊ လုံးဖောလမ်း သစ်တောကြိုးဝိုင်းအတွင်း တောတွင်း လမ်းဘေးတနေရာမှာ ပိုင်ရှင်မဲ့သစ်ခွဲသားတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ကော့သာင်းခရိုင် သစ်တောဦးစီးဌာနက ပြောပါတယ်။
တာဝန်သိပြည်သူတဦးရဲ့ သတင်းပေးချက်အရ မေလ ၁၃ ရက်နေ့က ကော့သောင်းခရိုင် သစ်တောဦးစီးဌာနက သတင်းရရှိထားတဲ့ နေရာကို သွားရောက်စစ်ဆေးရာ လမ်းဘေးတနေရာမှာ တရားမ၀င် ခိုးထုတ်ထားတဲ့ သစ်ခွဲသား ၁၇၄ ချောင်း တန်ချိန်(၂၇ဒသမ၅၁၁၈) တန်ကို ပိုင်ရှင်မဲ့ သိမ်းဆည်းနိုင်ခဲ့တယ်လို့ ခရိုင်သစ်တောဦးစီးဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။
တရားမ၀င်သစ်ခိုးထုတ်တဲ့ အဖွဲ့တွေကို ကော့သောင်းခရိုင် သစ်တောဦးစီးဌာနနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ဆက်လက် စုံစမ်းဖော်ထုတ် အရေးယူသွားမယ်လို့ ဆိုပါတယ်။
လတ်ကိုကိုဦး