ညောင်လေးပင်တွင် A(H1N1 ) ရောဂါ အသိပညာပေးခြင်း အရှန်အဟုန်မြှင့် ဆောင်ရွက်
DVB
·
August 5, 2017
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်မှာ ရာသီတုတ်ကွေးA(H1N1)ဗိုင်းရပ်စ်ပိုးရှိသူ လူနာ ၃ ဦးတွေ့ရှိပြီးနောက် ပရဟိတအဖွဲ့တွေ၊ ဌာနဆိုင်ရာတွေပူးပေါင်းပြီး အသိပညာပေးတာတွေ Maskတွေ အခမဲ့ဖြန့်ဝေပေးတာတွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေကြပါတယ်။
ညောင်လေးပင်မြို့နယ်အတွင်း လူစည်ကားရာနေရာနဲ့ ဈေးတွေမှာ လက်ကမ်းစာဆောင်နဲ့ Mask တွေကို အခမဲ့လိုက်လံဖြန့်ဝေပေးသလို စာသင်ကျောင်းတွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ အသိပညာပေးဟောပြေမှုတွေ ပြုလုပ်ပေးနေတာပါ။
“ကျနော်တို့ မြို့နယ်မှာ ခုဆိုရင် A(H1N1) ဗိုင်းရပ်စ်ပိုးရှိသူ လူနာ ၃ ဦးထိရှိသွားပါပြီ။ နောက်ထက်ဒီလိုမျိုး ထက်မတိုးလာအောင် ခုလိုဈေးတွေ လူစည်ကားရာနေရာတွင်မှာ H1N1 နဲ့ ပတ်သက်တဲ့ အသိပညာပေး လက်ကမ်းစာဆောင်တွေ၊ Maskတွေကို အခမဲ့ဖြန့်ဝေမှုတွေပြုလုပ်ပေးနေတာပါ။ ဒီနေ့ဆို ကျနော်တို့ အခုတထောင်လောက် ဖြန့်ဝေပေးနိုင်ခဲ့ပါတယ်" လို့ ဦးဆောင်ပါဝင်သူ ကိုထင်အောင်လင်းက ပြောပါတယ်။
ညောင်လေးပင်မြို့နယ်မှာ A (H1N1) ဗိုင်းရပ်စ်ပိုးရှိသူ လူနာ ၃ ဦးရှိပေမယ့် အသက်ဆုံးရှုံးတာမျိုးတော့ မရှိသေးဘူးလို့ သိရပါတယ်။
သတင်း၊ဓာတ်ပုံ-နေလင်းထိုက်