Home
မြန်မာသတင်း
ညောင်လေးပင်တွင် တရားမဝင်ကျွန်းခွဲသား တင်ဆောင်လာသူများကို ဖမ်းဆီးရမိ
DVB
·
August 5, 2017
wood4
wood3
wood2
wood
wood5
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ဖိုးတုပ္ပုံကျေးရွာအနီးမှာ ဒီနေ့ မွန်းလွဲ ၁ နာရီ လောက်က တရားမဝင်ကျွန်းခွဲသားတွေ တင်ဆောင်လာသူ ၆ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ မြို့နယ်သစ်တောဦးစီးမှူးက ပြောပါတယ်။ သတင်းအရ သွားရောက်စောင့်ဆိုင်းနေစဉ် ဆိုင်ကယ် ၆ စီးပေါ်မှာ တရားမဝင်ကျွန်းခွဲသား ဆိုဒ်စုံ ၂၈ ချောင်း ကာလတန်ဖိုး ၄၉၅၀၀၀ လေးသိန်းငါးထောင်လောက်ကို လူ ၆ ဦးနဲ့အတူ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ မြို့နယ်သစ်တောဦးစီးမှူး ဦးတင်စိုးက “ကျနော်တို့ သတင်းအရ ရဲတပ်ဖွဲ့ဝင်တွေရယ်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးရယ် ပူးပေါင်းပြီး သွားရောက်စောင့်ဆိုင်းနေစဉ် အနောက်တောင်မြို့ ကျောင်းဘက်ကနေလာတဲ့ ဆိုင်ကယ်တွေပေါ်မှာ တရားမဝင် ကျွန်းခွဲသားတွေ တင်ဆောင်လာပြီးမောင်းနှင်လာတဲ့လူ ၆ ဦးကို ဖမ်းဆီးရမိခဲ့တာပါ” လို့ ဒီဗွီဘီ ကိုပြောပါတယ်။ ညောင်လေးပင်မြို့နယ် သစ်တောဦးစီးဌာနက တရားမဝင်ကျွန်းခွဲသားတွေ တင်ဆောင်လာသူ ၆ ဦးကို သစ်တောဥပဒေပုဒ်မ ၄၃(က နဲ့ ရဲစခန်းမှာ အမှုဖွင့်လှစ် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ သတင်း၊ ဓာတ်ပုံ-နေလင်းထိုက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024