Home
မြန်မာသတင်း
ကော့သောင်းတွင် အရက်မူး စကားများရာမှ လူသတ်မှုဖြစ်ပွား
DVB
·
August 5, 2017
kill1
ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ရွှေဂဲညိုကျေးရွာအုပ်စု ရွှေဂဲညိုကျေးရွာမှာ သြဂုတ် ၂ ရက် နေ့လယ်ပိုင်းက လူနှစ်ဦးအရက်သောက်ပြီး စကားများရာက လူသတ်မှု ဖြစ်ပွားခဲ့တယ်လို့ ကော့သောင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။ ရွေဂဲညိုကျေးရွာရဲ့ အရှေ့ဘက် ၅ မိုင်လောက်အကွာ  တောင်ကလပ်ချောင်း(ခ) ကပြင်ချောင်းရှိ ဒေါ်မြင့်အေးရဲ့ မီးသွေးဖောင် လုပ်သားတွေဖြစ်တဲ့ ရဲဝင်းနိုင်(ခ) ၀တုန်နဲ့ မောင်လွင်တို့ နှစ်ဦးဟာ မောင်လွင်ရဲ့ နေအိမ်ရှေ့အရောက်မှာ အရက်သောက်ရင်း စကားများ ရန်ဖြစ်ရာက မောင်လွင်က အသင့်ပါလာတဲ့ ရဲဒင်းနဲ့ ရဲ့ဝင်းနိုင်ရဲ့ ဝဲနှဖူးနဲ့ ဝဲပုခုံကို ခုတ်ရာ ရဲဝင်းနိုင်က သူကိုင်ဆောင်လာတဲ့ ကြက်သွန်လှီးဓားနဲ့ မောင်လွင်ရဲ့ လည်ပင်းကို ပြန်ထိုးရာ မောင်လွင်ဟာ အခင်းဖြစ်နေရာမှာ သွေးလွန်ပြီး သေဆုံးခဲ့ပါတယ်။ ပြည်ကြီးမဏ္ဍိုင်နယ်မြေရဲစခန်းက ရဲဝင်းနိုင်ကို ပြစ်မှုပုဒ်မ-၃၀၂ အမှုဖွင့် အရေးယူ ထားတယ်လို့ တာဝန်ရှိသူတဦးက ပြောပါတယ်။ လတ်ကိုကိုဦး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024