Home
မြန်မာသတင်း
ကျပ် သိန်း ၁၀၀ အကုန်ကျခံခင်းထားသည့် ရွာချင်းဆက်လမ်း ၆ လအတွင်း ပျက်စီး
DVB
·
August 4, 2017
road3
road2
road
road1
စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ ခန္တီးမြို့နယ်၊ အောင်သာ-သာစည် ခန္တီးမြို့ကျေးရွာချင်းဆက်လမ်း ၆ လအတွင်း ပျက်းစီးသွားခဲ့တာကြောင့် သွားလာရေး အခတ်ခဲဖြစ်ပေါ်နေတယ်လို့ ခန္တီးဒေသခံအချို့က ပြောပါတယ်။ အဆိုပါလမ်းကို ၂၀၁၇ ခုနှစ်ဇန်နဝါရီလက စတင်ပြီး ကျပ်သိန်း ၁၀၀ အကုန်ကျခံပြီး ခန္တီးမြို့စည်ပင်သာရေး ဘက်ဂျက်နဲ့ ခင်းထားတယ်လို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမောင်တေးက ဒီဗွီဘီ ကိုပြောပါတယ်။ “လမ်းတွေကမြင်တဲ့အတိုင်းပဲ ခင်းတာ ၆ လပဲရှိသေးတယ်။ အခုပျက်စီးနေတယ်။ ၀န်ကြီးချုပ်လာတုန်းက ဒီလမ်းကို မကောင်းလို့ ပြုပြင်ခိုင်းတယ်။ ဒါတောင်ပြုပြင်ပေးခြင်းမရှိဘူး။ လမ်းတွေခင်းကောင်းပါတယ်။ မြို့လည်းဖွံ့ဖြိုးတိုးတက်တယ်။ အခုတော့ ခင်းထားတဲ့လမ်းက ၆ လတောင်မပြည့်ဘူး ပျက်းစီးနေပြီ။ ပြည်သူ့တွေဆီက ပိုက်ဆံအလာကားပဲ ဖြစ်တယ်” လို့ ကိုအောင်မျိုး က ပြောပါတယ်။ ဒီလမ်းကို ကောင်းမွန်အောင် အမြန်ဆုံးပြုပြင်ပေးစေချင်တယ်လို့ ခန္တ္တီးဒေသခံတွေက ပြောပါတယ်။ အောင်ဆန်းမြင့်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013