Home
မြန်မာသတင်း
ဟောင်ကောင်တွင် တိုင်ဖုန်းမုန်တိုင်း ၀င်ရောက်တိုက်ခတ်
DVB
·
July 23, 2017
Untitled-1
  တိုင်ဖွန်းမုန်တိုင်း ရို့ခ်ဟာ ဒီနေ့မနက် ၁၀ နာရီလောက်မှာ ဟောင်ကောင် အထူး အုပ်ချုပ်ခွင့်ရ ဒေသရဲ့ အရှေ့မြောက်ပိုင်းက ကမ်းရိုးတန်းကို ဖြတ်သန်းပြီး ကုန်းတွင်းဝင်ရောက် သွားပါတယ်။ ဒါကြောင့် ဟောင်ကောင်ကျွန်းမှာ ကျောင်းတွေကို ပိတ်ထားရပြီး ရေကြောင်းခရီးသွား လုပ်ငန်းကို ရပ်ဆိုင်းထားရပါတယ်။ ဒေသန္တရ အာဏာပိုင်တွေက အားကောင်းတဲ့ မုန်တိုင်းလာမယ်လို့ တပ်လှန့်အပြီး မုန်တိုင်းက ကုန်းတွင်းဝင်ရောက်ခဲ့တာပါ။ အဆင့် ၈ လေပြင်းမုန်တိုင်း သတိပေးချက်ကို ဟောင်ကောင် လေ့လာရေးအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။ အဆင့် ၈ အချက်ပေးချက်ဟာ ဟောင်ကောင်မှာ အပူပိုင်းမုန်တိုင်း သတိပေးချက်အတွက် အထူးသုံးနှုန်းချက်ပါ။ ပျမ်းမျှ လေတိုက်နှုန်း တနာရီကို ၆၃ ကီလိုမီတာ ကျော်တဲ့အဆင့်ကို သတ်မှတ်ချက်လည်း ဖြစ်ပါတယ်။ မုန်တိုင်းဟာ အနောက်ဘက်ကို ဆက်လက် ရွေ့လျားမှာဖြစ်ပြီး မွန်းလွဲပိုင်းထိ အဆင့် ၈ မုန်တိုင်းသတိပေးချက်မှာ ဆက်ရှိနေမယ်လို့ ဟောင်ကောင်လေ့လာရေးဌာနက ပြောပါတယ်။ ဒေသခံတွေကိုလဲ အိမ်ထဲမှာပဲနေပြီး အိမ်ပြင်ထွက်တာ ရှောင်ရှားကြဖို့ အကြံပြု ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024