ဟောင်ကောင်ရုပ်ရှင်ကား ရန်ကုန်တွင်ရိုက်ကူးရန် မြို့ထဲလမ်းတချို့ပိတ်မည်
DVB
·
February 15, 2019
ဟောင်ကောင်အခြေစိုက်Shaw Brother ရုပ်ရှင်ကုမ္ပဏီက "Line Walker-2 " ရုပ်ရှင်ကား မြန်မာပြည်မှာ လာရောက်ရိုက်ကူးမှာဖြစ်လို့ ရန်ကုန်မြို့တွင်းလမ်းတချို့ကို လမ်းပိတ်၊ လမ်းလွှဲမယ်လို့ ရန်ကုန်တိုင်း ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီက ကြေညာပါတယ်။
ဇာတ်ကားရိုက်ဖို့ အစမ်းလေ့ကျင့်မယ့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ မနက် ၁၁ နာရီကနေ ညနေ ၄ နာရီအထိမဟာဗန္ဓုလပန်းခြံလမ်းအား အနော်ရထာလမ်းမှ City Star ဟိုတယ်အထိနဲ့ ၁၈ ရက် မနက် ၆ နာရီကနေ မွန်းလွဲ ၁ နာရီအထိ ကြားတောရလမ်း ရွှေတိဂုံဘုရား၊ အရှေ့ဘက်မုခ်က ရေတာရှည်လမ်းအထိ လမ်းပိတ်လမ်းလွှဲမှာဖြစ်ပါတယ်။
ဒါ့အပြင် ရိုက်ကူးမယ့် ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ မနက် ၆း၀၀ နာရီမှ ညနေ ၆ နာရီအထိ၊ မဟာဗန္ဓုလပန်းခြံလမ်းအား အနော်ရထာလမ်းမှ City Star ဟိုတယ်အထိ လမ်းပိတ်လမ်းလွဲမှာဖြစ်ပါတယ်။
ဖေဖော်ဝါရီလ၂၂ ရက်ကနေ ၂၆ ရက် မနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ဆူးလေဘုရားလမ်း၊ အနော်ရထာလမ်း လူကူးခုံးကျော်တံတားမှ ဆူးလေဘုရား လူကူးမျဉ်းကျား (မီးသတ်ဘက်အခြမ်း)အထိ လမ်းပိတ်လွှဲဆောင်ရွက်မှာဖြစ်ပါတယ်။
လမ်းပိတ်လမ်းလွှဲဆောင်ရွက်မယ့် ရက်တွေမှာ မော်တော်ယာဉ်မောင်းသူတွေ အနေနဲ့ အခြားသင့်တော်တဲ့ လမ်းတွေကနေ မောင်းနှင်သွားလာကြဖို့ ရန်ကုန်တိုင်း ယာဉ်စည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီက နှိုးဆော်ထားပါတယ်။