ကချင်ပြည်နယ်တွင် လူပေါင်း ၃၀၀ကျော် တုပ်ကွေးရောဂါဖြစ်ပွား၊ ၂ ဦးသေဆုံး
DVB
·
July 4, 2017
ကချင်ပြည်နယ်ထဲမှာ အခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူပေါင်း ၃၀၅ ယောက်ရှိနေပြီး ၂ ယောက် သေဆုံးခဲ့တယ်လို့ ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာန စာရင်းအရသိရပါတယ်။
သွေးလွန်တုပ်ကွေးဖြစ်ပွားတဲ့ အဓိကဖြစ်ပွားတဲ့ နေရာတွေကတော့ ဗန်းမော်၊ မံစီ၊ မိုးကောင်း၊ မိုးညှင်း၊ မိုးမောက်၊ ဖားကန့်၊ တနိုင်း၊ မြစ်ကြီးနား၊ ဝိုင်းမော်မြို့နယ်တွေဖြစ်ပြီး မြစ်ကြီးနားမှာတင် ဇန်နဝါရီလကနေ ဇူလိုင်လ ၃ ရက်နေ့အထိ သွေးလွန်းတုပ်ကွေးဖြစ်ပွားသူ ၁၄၀ ရှိနေတာပါ။
ကချင်ပြည်နယ်ထဲမှာ ၂၀၁၅ ခုနှစ်က သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၁၀၃၃ ယောက်ရှိခဲ့ပြီး ၂၀၁၆ မှာ ၇၃၆ ယောက်ရှိခဲ့တယ်လို့ လည်းသိရပါတယ်။