Home
မြန်မာသတင်း
လေးလောင်းပြိုင်လူသတ်မှု တရားခံ ရဲတပ်ဖွဲ့ ထုတ်ပြန်
DVB
·
June 30, 2017
4 kill1
4 kill
မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်နယ်မြေရဲစခန်းအပိုင်မှာ ပြီးခဲ့တဲ့ သြဂုတ်လက ဖြစ်ပွားခဲ့တဲ့ ၄ လောင်းပြိုင်လူသတ်မှုမှာ ပြစ်မှုကျူးလွန်သူဟာ သေဆုံးသူ စိုးနောင်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်လိုက်ပါတယ်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိချက် ၁၁ ချက်ပါ အစီရင်ခံစာကို ဇွန် ၂၉ ရက်နေ့က ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ ရဲတပ်ဖွဲ့က တရားလိုနဲ့ သက်သေ ၁၅၆ဦး၊ သင်္ကာမကင်းသူ ၇ ဦးတို့ကို စစ်ဆေးချက်အပါအ၀င် လေးလောင်းပြိုင်လူသတ်မှုမှာ သေဆုံးခဲ့သူ ၄ ဦးလုံးရဲ့အနေအထား၊ ထိုးသွင်းဓားဒဏ်ရာတွေ၊ သက်သေခံဓား စတာတွေကို ဒီအန်အေ စစ်ဆေးချက်အရ သေဆုံးသူတွေရဲ့ ဒီအန်အေတွေကိုသာ စစ်ဆေးတွေ့ရှိရတယ်လို့ ဆိုပါတယ်။ 4 kill1 သေဆုံးသူ စိုးနောင်အနီးမှ တွေ့ရှိသိမ်းဆည်းရရှိတဲ့ ဓားမှာ စိုးနောင်ရဲ့ ကိုယ်ပိုင်ဓားဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပြီး ဒီအန်အေ စစ်ဆေးချက်အရ ဓားရိုးမှာ သေဆုံးသူ စိုးနောင်၏ ဒီအန်အေ စိစစ်တွေ့ရှိရခြင်း၊ ဓားသွားပေါ်ရှိ သွေးတွေဟာလည်း သေဆုံးသူ စိုးနောင်၊ မချယ်ရီပွင့်၊ မောင်ဟန်သူရနဲ့ မောင်စွမ်းထက်မြတ် တို့ရဲ့ ဒီအန်အေတွေသာ တွေ့ရှိရကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် သေဆုံးသူ စိုးနောင်ရဲ့ ဝဲဘက်လက်သန်းမှာ သွေးခြေဥဒဏ်ရာ တွေ့ရှိရလို့ မှုခင်းဆရာဝန်က စစ်ဆေးခဲ့ရာ သက်သေခံဓားရဲ့ သတ္တုအရိုးအား တင်းကြပ်စွာကိုင်ဆောင်ပြီး အချက်ပေါင်းများစွာ ထိုးစဉ် ရရှိနိုင်သော သွေးခြေဥဒဏ်ရာဖြစ်ကြောင်းနဲ့ သေဆုံးသူ စိုးနောင်မှာ ဘယ်သန်ဖြစ်ကြောင်း၊ သေဆုံးသူတဦးချင်းစီမှာ တွေ့ရတဲ့ ဓားဒဏ်ရာတွေဟာ သိမ်းဆည်းရမိခဲ့တဲ့ သက်သေခံဓားနဲ့ ထိုးသွင်းရရှိခဲ့တဲ့ ဒဏ်ရာများဖြစ်ကြောင်း အတည် ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ သေဆုံးသူ စိုးနောင်ဟာ စိတ်မြန်လက်မြန် ဆောင်ရွက်တတ်သူဖြစ်ပြီး တုတ်/ဓားလက်နက်ကိုင်ဆောင်တတ်တဲ့ အလေ့အထရှိကြောင်း၊ အိမ်ထောင်ရေး ပြဿနာ၊ လူမှုရေးပြဿနာ၊ စီးပွားရေးအကြပ်အတည်းတွေ ကြုံတွေ့နေရလို့ လင်မယားမကြာခဏ စကားများတာတွေရှိခဲ့ပြီး စိုးနောင်ဟာ အအိပ်အစားပျက်မှုတွေ၊ စိတ်မတည်ငြိမ်မတွေဖြစ်ပေါ်နေကြောင်း သူတို့မိသားစုအကြောင်း သိရှိတဲ့ ၈ ဦးက ပြည့်စုံစွာထွက်ဆို ပေးထားပြီး ဖြစ်ကြောင်း၊ အမှုအား ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက် သွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ လူမှုကွန်ရက်ပေါ်တွင် ဖော်ပြနေကြတဲ့ လေးလောင်းပြိုင်လူသတ်မှုနှင့် စပ်လျဉ်းပြီး မသင်္ကာဖွယ်လူ ၃ ဦးရဲ့ဓာတ်ပုံနဲ့ ပတ်သက်ပြီးလည်း ဆက်လက်စုံစမ်းစစ်ဆေးနေကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024