Home
မြန်မာသတင်း
အင်းတော်မြို့နယ်တွင် မူးယစ်ဆေးဝါး ကျပ်သိန်း ၂၀၀ ကျော်ဖိုး ဖမ်းမိ
DVB
·
June 28, 2017
wy
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ နဘားကားလမ်းဆုံမှာ ကျပ်သိန်း ၂၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးကို ဇွန်လ ၂၇ ရက် ညပိုင်းအချိန်က ဖမ်းဆီးရမိခဲ့တယ်လို့ အင်းတော်မြို့မရဲစခန်းမှူး ဒုရဲမှူး သက်တင်ဦးက ပြောပါတယ်။ ဇွန်လ ၂၇ ရက် ည ၆ နာရီအချိန်က ကသာ မူးယစ်တပ်စု(၆)မှ ရဲအုပ်ကျော်စိုးလင်းနဲ့ သက်သေများဟာ ရွှေဘို-မြစ်ကြီးနားကားလမ်း နဘားလမ်းဆုံမှာ သတင်းအရ စောင့်ဆိုင်းနေစဉ် လမ်းအတိုင်း အရှေ့က အနောက်ကို မြင့်ဇော် ဆိုသူ မောင်းနှင်လာတဲ့ ကင်ဘို 125 အနက်ရောင် လိုင်စင်မဲ့ ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ် ဘယ်ဘက် ခြေနင်းဝအောက်မှ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၂၀ ပြား၊ ဆိုင်ကယ် ညာဘက် ဒူးကာအတွင်းမှ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြားပါ ၁၉ ထုပ်၊ ၁၉၅ ပြားပါ ၁ ထုပ် စုစုပေါင်း ၂၀ ထုပ် စုစုပေါင်း စိတ်ကြွဆေးပြား ၄၀၁၅ ပြား၊ ကာလတန်ဖိုး ၂၀,၀၇၅,၀၀၀ ကျပ် တွေ့ရှိသိမ်းဆည်းရမိခဲ့တာပါ။ ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေကို လွန်ခဲ့တဲ့ ရက် ၂၀ ခန့်က ရှမ်းပြည်နယ် မဘိမ်းမြို့နယ် ကွမ်းတောကျေးရွာအနီး ထိုးကျသစ်ကွင်းတွင် သစ်လုပ်ငန်းလုပ်ရင်း ရင်းနှီးခဲ့သူ ဟိန်းထွန်း ဆိုသူက ၄င်းနေထိုင်ရာ နေအိမ်ကို လာရောက်ပေးအပ်ခဲ့တာ စစ်ဆေးပေါ်ပေါက်ခဲ့ တယ်လို့ အင်းတော်မြို့မရဲစခန်းမှူး ဒုရဲမှူး သက်တင်ဦးက ပြောပါတယ်။ မူးယစ်ဆေးဝါးတွေ သယ်ဆောင်လာသူ ကသာမြို့ ဘွတ်ကျေးရွာနေသူ မြင့်ဇော်(၄၈-နှစ်) နဲ့ ဟိန်းထွန်း(၃၅-နှစ်)၊ မန်တုံမြို့ ရှမ်းပြည်နယ် မြောက်ပိုင်းနေသူ ဖမ်းမမိသေးတဲ့ တရားခံတွေကို အင်းတော်မြို့မရဲစခန်းက အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။ သတင်း - ကိုကိုလင်း(အင်းတော်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024