အန်အယ်လ်ဒီ ဗဟိုကော်မတီအစည်းအဝေး ရွှေဂုံတိုင်ဌာနချုပ်တွင်ကျင်းပ (သတင်းဓာတ်ပုံ)
DVB
·
June 24, 2017
ငြိမ်းချမ်းရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ လူငယ်ရေးရာကိစ္စတွေ ဆွေးနွေးမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီ အစည်းအဝေးကို ရန်ကုန်မြိ့၊ရွှေဂုံတိုင်ရုံးချုပ်မှာ ဒီကနေ့ ဇွန်လ ၂၄ မနက် က စတင်ကျင်းပနေပါတယ်။
ပထမ၊ ဗဟိုကော်မတီ၊သတ္တမအကြိမ်အစည်းဝေးကို ဇွန်လ ၂၄ ရက်ကနေ ၂၅ ရက်အထိ ၂ ရက်တာကျင်းပမှာဖြစ်ပြီး ဒီအစည်းဝေးမှာ သဘာပတိအဖြစ် ဦးအောင်ကြည်ညွှန့်က တာဝန်ယူပြီး ဆွေးနွေးနေတာပါ။
ဒီအစည်းဝေးမှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံ) အစီရင်ခံစာ၊ ဗဟိုလူငယ်လုပ်ငန်းအဖွဲ့ အစီရင်ခံစာ၊ စီးပွားရေးကော်မတီအစီရင်ခံစာ၊ ဗဟိုလူမှုအထောက် အကူပြုအဖွဲ့ အစီရင်ခံစာနဲ့ ပြည်နယ်နဲ့တိုင်းမှာရှိတဲ့ ဗဟိုကော်မတီဝင်တွေတင်သွင်းတဲ့ စာတမ်းတွေကိုဖတ်ကြားပြီး ဆွေးနွေးသွားမှာဖြစ်ပါတယ်။