Home
မြန်မာသတင်း
ကော့သောင်းတွင် မြက်ဖြတ်စက်ငှားရမှ စကားများ လူသတ်မှုဖြစ်ပွား
DVB
·
June 23, 2017
cri
ကော့သောင်းမြို့၊ ဘန်းကချွန်ကျေးရွာမှာ ဇွန်လ ၂၁ ရက်နေ့နေ့လယ်ပိုင်းက မြက်ဖြတ်စက်ငှားရာမှ စကားများကြပြီး လူသတ်မှု ဖြစ်ပွားခဲ့တယ်လို့ သောင်းမြို့ရဲတပ်ဖွဲ့စခန်းက ပြောပါတယ်။ ဖြစ်စဉ်မှာ ကော့သောင်းမြို့ ဘန်းကချွန်ကျေးရွာမှာ နေထိုင်တဲ့ ဓာတ်ဆီ(ခ)တင်ထွန်းနဲ့ တရွာတည်းနေ ဇော်မျိုးနိုင် (ခ) ဖိုးဆင်တို့နှစ်ဦး ကော့သောင်းဘုတ်ပြင်းကားလမ်းဘေးမှ မြက်ဖြတ်အလုပ်လုပ်ဖို့အတွက် မြက်ဖြတ်စက်ငှားရာကနေ စကားများရန်ဖြစ်ခဲ့ကြပြီး ဇော်မျိုးနိုင်က ဓတင်ထွန်းကို ဓားနဲ့ခုတ်သတ်ခဲ့တာဖြစ်ပါတယ်။ ကော့သောင်းမြို့ရဲတပ်ဖွဲ့စခန်းက ဇော်မျိုးနိုင်ကို ရာဇာသတ်ကြီးပုဒ်မ-၃၀၂ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ စခန်းမှူး ဒုရဲမှူး မြင့်မော်က ပြောပါတယ်။ လတ်ကိုကိုဦး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024