မင်းကင်းတွင် လူသတ် မုဒိမ်းမှုနှင့် လုယက်မှု ကျူးလွန်သူအား ဖမ်းမိပြီ
DVB
·
June 16, 2017
မင်းကင်းနယ်ထဲမှာ ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့နဲ့ ၁၄ ရက်နေ့တွေက လူသတ် မုဒိမ်းမှုနဲ့ လုယက်မှု ဖြစ်ပွားခဲ့ပြီး အဲဒီတရားခံကို ဖမ်းမိပြီလို့ ကလေးခရိုင် ရဲတပ်ဖွဲ့က ပြောပါတယ်။
“ကျနော်တို့ မင်းကင်းမှာ ဖြစ်သွားတဲ့ အမှုမှာ ကျူးလွန်သူကို မိပါပြီ။ မဟာမြိုင်တောထဲမှာ မိတာပါ။ ခု မင်းကင်းမြို့ကို ခေါ်ဆောင်လာနေပါပြီလို့" ကလေးခရိုင် ရဲတပ်ဖွဲဝင်တဦးက ဆိုပါတယ်။
ဖမ်းဆီးရမိသူဟာ မင်းကင်းနယ် ကျောက်ခဲတက်ကျေးရွာသားဖြစ်ပြီး ဦးမောက်ချို (ခ) မောင်ဖေ ဆိုသူဖြစ်တယ်လို့ ဆိုပါတယ်။
ဖမ်းမိသူဟာ အခုလ ၁၀ ရက်နေ့က ပန်းဆက်ကျေးရွာအနီး မင်းကင်နယ်ထဲမှာ အမျိုးသမီးတဦးကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့တဲ့အပြင် ၁၄ ရက်နေ့ကလည်း မင်းကင်းနယ်ထဲမှာပဲ အမျိုးသမီးတဦးဆီက ခြယ်နားကပ်တရံကို နားရွက်လှီးဖြတ် လုယူခဲ့သူ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။
၁၀ ရက်နေ့ ဖြစ်စဉ်ဖြစ်ပြီးနောက် မဟာမြိုင်တောထဲမှာ ကလေးခရိုင်ရဲတပ်ဖွဲ့မှူးကိုယ်တိုင် ရဲတပ်ဖွဲ့ဝင်တွေ၊ အရပ်သားဒေသခံတွေနဲ့အတူ ၃ ညအိပ် လေးရက် အချိန်ပေး တောနင်းရှာဖွေ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး လုယက်သွားတဲ့ သက်သေခံ ခြယ်နားကပ်ပါ သိမ်းဆည်းရမိခဲ့ပါတယ်။
မင်းရဲစစ်နိုင်