Home
မြန်မာသတင်း
မိတ္ထီလာကန်အတွင်း ကလေးငယ် ၁ ဦး ရေနစ်သေဆုံး
DVB
·
May 28, 2017
baby die
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ပေါက် ချောင်းကွက်သစ်ရပ် မိတ္ထီလာတောင်ဘက်ကန် မြို့ရေဝေတဲ့ ရေစက်အနီးမှာ မေလ ၂၇ ရက် မွန်းလွဲ ၂ နာရီက ရေဆင်းချိုးတဲ့ ကလေးငယ်တဦး ရေနစ်သေဆုံးခဲ့တယ်လို့ မိတ္ထီလာမြို့မရဲစခန်းက ပြောပါတယ်။ “ကလေးကအသက် ၉ နှစ်ပဲရှိသေးတယ်။ ခမရ(၇၉)တပ်ထဲမှာ အဘိုးအဘွားတွေနဲ့ အတူနေတယ်။ စိတ်မကောင်းစရာပါပဲ" လို့ ဒုရဲအုပ်အောင်သူမင်းကပြောပါတယ်။ ပေါက်ချောင်းကွက်သစ်နေသူတဦး က “ကလေးတွေ ရေဆင်းချိုးရင်း ရေနစ်နေတယ် အော်လို့ လူကြီးတွေ ဆင်းဆယ်ပေမယ့် ကံမမကောင်းတော့ သေနေပြီပေါ့ဗျာ” လို့ ပြောပါတယ်။ မိတ္ထီလာမြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ်(၉/၂၀၁၇)နဲ့ အမှုဖွင့်ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ် မဟုတ်စစ်ဆေးနေတယ်လို့ သိရပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024