လေဖိအားနည်းရပ်ဝန်း ပိုမိုအားကောင်းလာပြီး မုန်တိုင်းငယ်အဆင့် ရောက်ရှိ
DVB
·
May 28, 2017
ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာပြီး မုန်တိုင်းငယ်အဆင့်ကို ရောက်နေပြီဖြစ်ပါတယ်။
ပုသိမ်မြို့ရဲ့ အနောက်အနောက်တောင်ဘက်မိုင် ၃၀၀ လောက်၊ ကျောက်ဖြူမြို့ အနောက်တောင်ဘက် မိုင် ၃၅၀ လောက်မှာ ရှိနေတယ်လို့ မိုးလေ၀သပညာရှင် ဦးချစ်ကျော်ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
လက်ရှိအနေအထားပေါ် ခန့်မှန်းချက်အရ ဘင်္ဂလားဒေရှ်-မြန်မာနယ်စပ်ကို ဖြတ်ဖို့ များတယ်လို့ ဆိုပါတယ်။
မုန်တိုင်းကြောင့် ထိခိုက်ခံစားရနိုင်တဲ့ နေရာတွေကတော့ မောင်တာခရိုင်နဲ့ ချင်းပြည်နယ်တို့ဖြစ်ပြီး မုန်တိုင်းကြောင့် စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နဲ့ အဓိက ချင်းနဲ့ရခိုင်တို့မှာ မိုးသည်းထန်မှာဖြစ်ပါတယ်။ မုန်တိုင်းငယ်ကြောင့် လေတိုက်နှုန်း ၅၅-၆၀ လောက် တိုက်ခတ်နိုင်ပါတယ်။
မောင်တောခရိုင် ပင်လယ်ပြင်က စက်လှေတွေ ကမ်းကို ၀င်လာကြဖို့၊ နေအိမ်ငယ်တွေ ခိုင်ခန့်အောင်နဲ့ အမိုးမလန်အောင် ကြိုတင်လုပ်ဆောင်ကြဖို့လည်း တိုက်တွန်းထားပါတယ်။