Home
မြန်မာသတင်း
မိတ္ထီလာတွင် စူပါကာစတန်အိမ်စီးကားနှင့်အပြည့်တင်လာသည့် ကျွန်းသစ်များ ဖမ်းမိ
DVB
·
May 27, 2017
wood
wood
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ရှမ်းမငယ်ကျေးရွာအုပ်စု တမာပင်ကုန်းရွာထိပ် မိတ္ထီလာကျောက်ပန်းတောင်းလမ်းမိုင်တိုင် ၁၈/၄ နဲ့ ၅ ကြားမှာ မေ ၂၆ ရက် မနက်အစောပိုင်းက အောင်ကိုမင်းမောင်းလာတဲ့ စူပါကာစတန် အိမ်စီးကားအတွင်း ကျွန်းသစ်တစ်တန်ကျော် ဖမ်းဆီးမိတယ်လို့ ရှမ်းမငယ်ရဲစခန်းက ပြောပါတယ်။ ရှမ်းမငယ်စခန်းမှူး ရဲအုပ်ဇော်မိုးလွင်က "သစ်ပိုင်ရှင်ကားပိုင်ရှင်ကတော့ နေပြည်တော် ဥတ္တရသီရိမြို့ မိုးဆွေရွာနေတဲ့ ကိုလှသိန်းပါပဲ။ အရှည် ၉ ပေလုံး ပတ် ၁ ပေခွဲရှိတဲ့ ကျွန်းတုံး ၁၁ တုံးဖမ်းမိတယ်။ ပျော်ဘွယ်မြို့ လှိုင်းပန်ရွာက ဦးဘိုမြင့်က လမ်းပြလုပ်လိုက်လာတာတဲ့ ကားမောင်းသူနဲ့ သုံးဦးကို အရေးယူထားတယ်" လို့ ပြောပါတယ်။ သစ်တောဦစီးမှူး ဦးစိုးလွင်သူက “ကျွန်းသစ်တွေက ခဲတံချောင်းလိုချောနေတာပဲ။ ဒါကြောင့်လည်း အိမ်စီးကားလောက်ကို (၁.၃၈၁၆) တန်ဆန့်တာပေါ့။ သစ်တောကြိုးဝိုင်းထဲက ခိုးထုတ်လာတဲ့ သစ်လို့ ထင်တယ်။ မိုးရွာထဲမှာ ဒီကားနဲ့ ဒီဝိတ်ကို တင်မောင်းလာတာ အတော်ကျွမ်းကျင်လို့ပဲ' လို့ ပြောပါတယ်။ မိတ္ထီလာမြို့နယ် ရှမ်းမငယ်ရဲစခန်းမှာ ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေးအက်ဥပဒေပုဒ်မ ၆(၁) အရ အာင်ကိုမင်း၊ ဦးလှသိန်း၊ ဦးဘိုမြင့်တို့ သုံးဦးကို ဖမ်းဆီးအမှုဖွင့်အရေးယူထားပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024