သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး
DVB
·
May 24, 2017
ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ် ကျေးလက်ကျန်းမာရေးဦးစီဌာနက သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးလုပ်ငန်းတွေ ကွင်းဆင်း ဆောင်ရွက်နေပါတယ်။
မဲဇလီကုန်းဒေသ ကျေးလက်ကျန်မာရေးမှူး ဦးမြတ်သူရက “မိုးဦးကာလမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သွေးလွန်ရောဂါဖြစ်ပွားလေ့ရှိရာ ဒေသခံတွေအတွက် အသိပညာ တိုးပွားစေဖို့နဲ့ ဘယ်လို ကာကွယ်ဖို့တွေနဲ့ ခြင်ဆေးတွေ ဖျန်းတာနဲ့ ဆေးခတ်တာတွေကို ခု လိုက်လံ လုပ်ဆောင်နေတာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။
နှစ်စဉ် အင်္ဂပူမြို့နယ်မှာ သွေးလွန်တုပ်ကွေးပုံမှန် မိုးဦးကာလတွေမှာ ဖြစ်ပွားလေ့ရှိပေမယ့် သေဆုံးမှုတွေ မရှိဘူးလို့ ကျေးလက်ကျန်မာရေးဦးစီးဌာန စာရင်းဇယားတွေအရ သိရပါတယ်။
မဲဇလီကုန်းဒေသ၊ ထန်းတောစုရွာသား ဦးသိန်းဆွေက “ကျနော်တို့က ကျေးလက်နေ ပြည်သူတွေ ဖြစ်တဲ့အတွက် ကျန်းမာရေးဗဟုသုတ နည်းပါးပါတယ်။ ခုလို ကျန်းမာရေးဌာနတွေ NGO တွေက အသိပညာပေးတော့ ကျေးလက်နေ ပြည်သူတွေ ကျန်မာရေးဗဟုသုတ တိုးပွားရပါတယ်”လို့ ပြောပါတယ်။
သတင်း - သန်းထိုက်မြင့်