သာစည်တွင် ထော်လာဂျီနှင့် ဆိုင်ကယ် မျက်နှာချင်းဆိုင် တိုက်မိ၊ ၁ ဦးသေ
DVB
·
May 7, 2017
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ် တောင်ကြီး-မိတ္ထီလာကားလမ်း မိုင်တိုင် ၁၆/၀ နဲ့ ၁၇/၀ ကြား စက်ပျက်လို့ ကြိုးနဲ့ ဆွဲလာတဲ့ ထော်လာဂျီနဲ့ ဆိုင်ကယ်တိုက်မိပြီး ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်လို့ သာစည်မြို့မရဲစခန်းက ပြောပါတယ်။
ပျက်နေတဲ့ သီဟစိုးရဲ့ထော်လာဂျီကို ဆန်းလင်းမောင်းတဲ့ ထော်လာဂျီကကြိုးနဲ့ ဆွဲလာ ရာကြိုးပြတ်ပြီး တဖက်ယာဉ်ကြောရောက်သွားလို့ မျက်နှာချင်းဆိုင်က သောင်းတင်ဌေး မောင်း ပြီးနောက်ခုံမှာ ဒေါ်တင်လိုက်လာတဲ့ ဆိုင်ကယ်ကို တိုက်မိရာ သောင်းတင်ဌေးသေဆုံးပြီး ဒေါ်တင် လက်နဲ့ ခြေကျိုးဒဏ်ရာရတယ်လို့ သာစည်မြို့မရဲစခန်းက ပြောပါတယ်။
“ကိုသောင်းတင်ဌေး ဘယ်ဘက်လက်ကျိုးတယ်။ ပါးကအသားတွေ စုတ်သွားတယ်။ ခြေသလုံးရိုးကျိုးတယ်။ ညာဘက်ရင်ဘတ်ရင်ညွန့် ပေါက်ပြဲသွားတယ်။ သာစည်ဆေးရုံပို့တုန်း လမ်းမှာတင် သေဆုံးတယ်။ ဒေါ်တင်ရဲ့ ညာဘက်လက်ကျိုးတယ်။ ခြေသလုံးရိုးကျိုးတယ်။ ဘယ်ဘက်ခြေထောက်တွေ ပေါက်ပြဲကုန် တယ်။ ဆေးရုံပို့ ထားတယ်လို့ တာဝန်ကျ ဒုရဲအုပ် ဝေဖြိုးအောင်က ပြောပါတယ်။
“သစ်သားတို့ တိုင်တို့နဲ့ ဆွဲတာမဟုတ်ဘဲ ကြိုးနဲ့ဆွဲတာဆိုတော့ ကားနှစ်စီး ရှေ့နောက်တဖက်တည်း တန်းမနေဘဲ တစီးက ညာ၊ တစီးကဘယ်ဖြစ်တဲ့အချိန် တဖက်ယာဉ်ကြောကလည်း ဆိုင်ကယ်က အရောက်တိုက်ကုန်ကြတာပဲ။” လို့ ဒေသခံတဦးက ပြောပြပါတယ်
သာစည်မြို့မရဲစခန်းက ဆန်းလင်း နဲ့ သီဟစိုးတို့ကို အမှု့အမှတ်ယာဉ်(ပ)ကားကိုဆွဲရာ မဆင်မခြင်လုပ်ဆောင်ချက်ကြောင့် လူသေဆုံးမှု ရာဇသတ်ကြီးပုဒ်မ-၃၀၄ (က) ပြင်းထန်ဒဏ်ရာရစေမှု ရာဇသတ်ကြီးပုဒ်မ- ၃၃၈ တို့နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။
သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)