ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် နေအိမ် ၃ လုံး မီးလောင်
DVB
·
April 19, 2017
ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင်ရဒေသ အထက်မန်ကျေးရွာမှာ နေအိမ် ၃ လုံး မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။
မန်လွယ်အုပ်စု အုပ်ချုပ်ရေးမှူး ဦးသိန်းထိုက်ဇော်က“မီးလောင်တာက မီးကျွင်းမီးကျန်ကစတာ။ လောင်တာက အထက်မန်ရွာပါ။ အားလုံးပါသွားတာက ၃ အိမ်ပါ။ ၁ အိမ်ကတော့ နည်းနည်းပါသွားတယ်။ စလောင်တာက မနက် ၄ နာရီ ၅ မိနစ်မှာစလောင်တာ။ မီးသတ်ကတော့ ၅ နာရီလောက်မှာ လာပြီးဝိုင်းငြှိမ်းပေးတယ်။ မီးပြန်ငြိမ်းတာက ၄ နာရီ ၃၅ မိနစ်လောက်မှာပါ။ အစကတော့ မီးပြင်းတယ်၊ ရွာသားတွေ အားလုံးဝိုင်းငြှိမ်းလိုက်လို့ သက်သာသွားတယ်။ ဈေးရောင်တဲ့ အိမ်ကတော့ ဆုံးရှုံးမှုတော့ များတယ်။ ကျန်တဲ့ ၂ အိမ်တော့ မသိဘူး။ ပျက်စီးမှုတန်ဖိုးကို စုံစမ်းနေတုန်းပါ။"လို့ ပြောပါတယ်။
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့မှာ မီးပေါ့ဆမှုကြောင့် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကလည်း မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး မြို့ရဲ့ ၃ ပုံ ၂ ပုံအထိ မီးထဲပါသွားခဲ့ဖူးသလို ကျေးရွာဘက်တွေမှာလည်း မီးမကြာခဏ လောင်ကျွမ်းမှုဖြစ်ပွားလေ့ရှိတာပါ။
နိုင်နိုင်