ဦးမျိုးရန်နောင်သိန်း အင်းစိန်ထောင်မှ ပြန်လည်လွတ်မြောက်
DVB
·
April 12, 2017
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့ တရားစွဲဆိုခံခဲ့ရပြီး အလုပ်နဲ့ထောင်ဒဏ် ၆ လ ကျခံခဲ့ရတဲ့ ဦးမျိုးရန်နောင်သိန်းဟာ ဒီကနေ့ ဧပြီ ၁၂ ရက် မနက် ၈ နာရီကျော်လောက်က အင်းစိန် အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာပါတယ်။
မေလ ၃ ရက်နေ့မှာ ပြန်လည်လွတ်မြောက်ရမှာဖြစ်ပေမယ့် ချုပ်ရက်နဲ့ သင်္ကြန်ပိတ်ရက် လျှော့တာတွေကြောင့် ၅ လနဲ့ ၉ ရက်မြောက်နေ့မှာ ပြန်လည်လွတ်မြောက်လာတာပါ။
သူ့ကို ဧပြီ ၇ ရက်နေ့က အလုပ်နဲ့ ထောင်ဒဏ် ၆ လ ကျခံဖို့အတွက် ကမာရွတ်မြို့နယ် တရားသူကြီးက အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုသုတေသနအဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိန်းဟာ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ဝေဖန်ပုတ်ခတ်တဲ့စာတွေ ရေးသားခဲ့တယ်ဆိုပြီး ရန်ကုန်တိုင်းစစ်ဌာချုပ်က တရားစွဲထားတာ ဖြစ်ပါတယ်။