Home
မြန်မာသတင်း
မြန်အောင်မြို့နယ်တွင် နေအိမ် ၃ လုံး မီးလောင်၊ လူ ၁ ဦး မီးလောင်သေဆုံး
DVB
·
March 23, 2017
17425000_827244940747073_7198962850960986415_n
17342520_827244890747078_5355708287068278290_n
17309771_827244894080411_583443909247197633_n
17309719_827244954080405_3024983599020967277_n
  ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် ဒေါင်းကျကျေးရွာ အုပ်စု တွင်းက ကုန်းကြီးကျေးရွာမှာ မတ်လ ၂၂ ရက်နေ့ ည ၁၀ နာရီ ၂၀ မိနစ်လောက်က  အိမ် ၃ လုံးမီးလောင်ခဲ့ပြီး လူတဦး သေဆုံးခဲ့ပါတယ်။ မီးလောင်စဉ် သေဆုံးသွားတဲ့ အသက် ၇၅ အရွယ် ဦးသန်းထွန်းရဲ့ အိမ်ကနေ စတင်လောင်းကျွမ်းခဲ့ပြီ ကျန်နှစ်အိမ်ကို ကူးဆက်လောင်းကျွမ်းခဲ့တာပါ။ ဒေါင်းကျကျေးရွာအုပ် အထွေထွေအုပ်ချုပ်ရေး ရပ်ကျေးစာရေး ဦးကျော်စွာက “မီးလောင်းကျွမ်းစဉ် ဒေါင်းကျအဖွဲ့ပိုင်မီးသတ်ကားတစ်စီးရွှေပြည်သာ အဖွဲ့ပိုင် မီးသတ်ကားတစီးနဲ့ အခြားအိမ်တွေ မကူးဆက်နိုင်ရေး မီးငြိမ်းသတ်ခဲ့ကြပါတယ်။ မီးလောင်းကျွမ်းချိန်ဟာ စုစုပေါင်း မိနစ် ၂၀ ခန့် ကြာပြီး သုံးအိမ်လောင်းကျွမ်းသွားကာ လူတဦးသေဆုံးသွားရတာပါ”လို့ ပြောပြပါတယ်။ နေအိမ် ၃ လုံး မီးလောင်မှုကြောင့်  ကျပ်ငွေ ၁၅၉၆၀၀ လောက်ဆုံးရှုံးခဲ့တယ်လို့  မြန်အောင်မြို့နယ် မီးသတ်တပ်ဖွဲ့က ပြောပါတယ်။ မြန်အောင်မြို့နယ် ဒုရဲတပ်ဖွဲ့မှူး ဒုရဲမှူးကျော်ထူးနိုင်က “မြန်အောင်မြို့နယ် ရဲတပ်ဖွဲ့ကတော့ မီးလောင်မှုဖြစ်စဉ်ကို ပနံပတ် (၁၇/၂၀၁၇) ရာဇာသတ်ကြီး ဥပဒေပုဒ်မ မီးပေါ့ဆမူ ၂၁၅ လူသေမူ ၃၀၄ (က) နဲ့ အမှုဖွင့်ထားတယ်၊ အမှုမှာ တရားခံသေဆုံး သွားတော့ ပိတ်သိမ်းတော့တင်ရမယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။ သတင်း - သန်းထိုက်မြင့်  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024