ချောက်မြို့တွင် ရေနံနှင့်သဘာဝ ဓာတ်ငွေ့ပိုင် အိမ်ရာတလုံး မီလောင်ကျွမ်း
DVB
·
March 23, 2017
ချောက်မြို့ အမှတ် (၅) ရပ်ကွက် တမာတန်းရပ်နေ ဦးနေမျိုးထွန်း (ရေနံအငယ်တန်း အင်ဂျင်နီယာ ၁)၊ လျှပ်စစ်ဌာနရဲ့ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းပိုင် နေအိမ်အမှတ် နခ/၂၃၁ နေအိမ်မှာ သွယ်သန်းထားတဲ့ ဝါယာကြိုးမှတဆင့် အပူလွန်ကဲကာ မီးလောင်ခဲ့တာ ဖြစ်ပါတယ်။
ချောက်မြို့နယ် မီးသတ်ဌာန မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ချောက်မြို့မရဲစခန်းမှ တာဝန်ရှိသူတွေ၊ ရေနံမီးသတ်ဌာန၊ ရပ်ကွက်သူရပ်ကွက်သားတွေ စုစုပေါင်း ၂၀၀ ဦးခန့်တို့မှ မီးသတ်ယာဉ် ၄ စီး၊ ရေသယ်ယာဉ် ၄ စီးတိုဖြင့် ငြိမ်းသတ်ခဲ့ရာ ည ၁၂ နာရီ ၄၅ မိနစ်မှာ မီးငြိမ်းခဲ့ပါတယ်။
မီးလောင်မှုကြောင့် ၃ပင်-၄ပင် ပတ်လည် အလျား ပေ ၃၀ အနံပေ ၂၄ အမြင် ၂၄ ပေ နှစ်ထပ် သွပ်မိုး ထရံကာ ပျဉ်ခင်း ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းပိုင် လူနေအိမ်တလုံး ပျက်စီးခဲပြီး ဆုံးရှုံးမှုတန်ဖိုး ၁၁၅၂၀၀၀ ကျပ်ဖြစ်ကြောင်း သိရှိရပြီး မီးပေါ့ဆသူ ဦးနေမျိုးထွန်းကို ချောက်မြို့မရဲစခန်းမှာ (ပ) ၇၈/၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၂၈၅ နဲ့ အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။
သတင်း - jame ko