Home
မြန်မာသတင်း
ထိုင်းစာပို့ကား ၂ စီးဖြင့် တရားမဝင်သယ်ဆောင်လာသည့် မြန်မာအလုပ်သမား ၂၄ ဦးကို ဖမ်းမိ
DVB
·
March 20, 2017
Mail truck drivers arrested for smuggling migrant workers
ထိုင်းနိုင်ငံမှာ စာပို့ကား ၂ စီးနဲ့ တရားမဝင် သယ်ဆောင်လာတဲ့ မြန်မာအလုပ်သမား ၂၄ ဦးကို ယာဉ်မောင်းတွေနဲ့အတူ ဒီကနေ့မနက်ပိုင်း ၂ နာရီမှာ ရဲတွေက ဖမ်းမိခဲ့ပါတယ်။ သူတို့ကို အာရှအဝေးပြေးလမ်းမ ၄၁ ပေါ် ချန်ဖွန်ခရိုင်၊ လန်ရှန်ဒေသ စစ်ဆေးရေးဂိတ်မှာ စစ်သားတွေနဲ့ ရဲတွေက စစ်ဆေးချိန် ခုလို ဖမ်းမိခဲ့တာပါ။ ဖမ်းမိခဲ့တဲ့ မြန်မာနိုင်ငံသားတွေထဲမှာ အမျိုးသား ၂၀ ဦးနဲ့ အမျိုးသမီး ၄ ဦးပါဝင်ပြီး ဆမွတ်ဆခွန်ဒေသနဲ့ ပရာချွတ်ဘ်ခီရိခန်ဒေသတွေကနေ ထိုင်းနိုင်ငံတောင်ပိုင်းဆီ ပို့ဆောင်ဖို့ ကားအတွင်း သယ်ဆောင်လာခဲ့တာပါ။ အသက် ၄၀ အရွယ် အသီးသီးရှိ ယာဉ်မောင်းတွေဖြစ်ကြတဲ့ ဆာရာယွတ် ဆီရိဆူဗိုနဲ့ ပွန်ချိုင် မွန်းပွန်နိုတို့က သူတို့ဟာ ဒီ တရားမဝင် အလုပ်သမားတွေကို တယောက် ဘတ်ငွေ ၁၃၀၀ နဲ့ ၁၅၀၀ ကြား အခကြေးငွေရယူပြီး နခွန်ဆီသမာရတ်နဲ့ ဟက်တ်ရိုင်ဒေသတွေကနေ ခေါ်ဆောင်လာခဲ့ရတာလို့ ထွက်ဆိုပါတယ်။ ပြီးခဲ့တဲ့လတွေအတွင်းကလည်း ခုလိုမျိုး ၃ ကြိမ် အောင်အောင်မြင်မြင် ပို့ဆောင်ပေးနိုင်ခဲ့တယ်လို့ သူတို့က ပြောပါတယ်။ လက်ရှိမှာတော့ ရဲတွေဟာ သူတို့အားလုံးကို ဖမ်းဆီးထားပြီး ယာဉ်မောင်း ၂ ဦးကို လူကုန်ကူးမှုနဲ့ပတ်သက်တဲ့ ပြစ်ဒဏ်ချမှတ်မှာဖြစ်ကာ တခြားဆက်စပ်နေတဲ့ ကွန်ရက်တွေကို ရှာဖွေစုံစမ်း ဖော်ထုတ်သွားမယ်လို့ ထိုင်းပီဘီအက်စ် သတင်းတပုဒ်မှာ ဖော်ပြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024