Home
မြန်မာသတင်း
လှေသားချင်း ခိုက်ရန်ဖြစ်ပွားရာ ဓားထိုးမှုဖြစ်၊ ၁ ဦးသေဆုံး
DVB
·
March 15, 2017
17342797_999533050190814_3699145033238362348_n
17353260_999533166857469_9017980632761537190_n
17264120_999533190190800_499554609887229796_n
17240256_999533000190819_5552198297351749519_o
  မြိတ်မြို့ မြိတ်တောင်ကျေးရွာ အင်းလေးကမ်းရပ် ထူးထူးတိုးတံတားရှေ့ ရေလယ်မှာ ကျောက်ချ ရပ်နားထားတဲ့ လင်းသူဇာအောင် ၂ ကမ်းဝေးငါးဖမ်းလှေပေါ် မတ် ၁၅ ရက်နေ့ မနက် ၅ နာရီခွဲလောက်က လှေသားချင်းခိုက်ရန်ဖြစ်ပွားရာပြီး ၁ ဦးသေဆုံးကြောင်း မြိတ်မြို့မရဲစခန်းက ပြောပါတယ်။ လင်းသူဇော်အောင်(၂) ကမ်းဝေးငါးဖမ်းလှေဟာ ရေခဲတင်ဖို့ ဆိုက်ကပ်ထားစဉ် လှေသားဖြစ်သူ သန်းဇော်ဌေးနဲ့ ဆန်းလင်းဦးတို့ဟာ လှေဦးပိုင်းမှာ အရက်ထိုင်သောက်နေကြပြီး စကားများ ဓားထိုးမှုဖြစ်ခဲ့တာပါ။ လှေသား သန်းဇော်ဌေးက ဆန်းလင်းဦကို "မင်းကဘာကောင်လဲ လူမိုက်လား"ဟု ရန်စ စကားပြောလာတဲ့အတွက် ဆန်းလင်းဦးဟာ လှေပဲ့ပိုင်းသို့ထွက်လာခဲ့ရာ သန်းဇော်ဌေးက နောက်မှလိုက်လာပြီး ထပ်မံရန်စ စကားပြောတာကြောင့် လှေပဲ့ပိုင်း ပေါင်းမိုးထုတ်တန်းပေါ်မှာ တင်ထားတဲ့ သံဖြတ်လွှသွေးထားတဲ့ ပိုက်ဖာဓားဦးချွန်နဲ့ ထိုးခဲ့ရာ သန်းဇော်ဌေးရဲ့ ယာဘက်ရင်အုံ အောက် ထိုးသွင်းဒဏ်ရာတချက်ရရှိကာ ၄၅ မိနစ် အကြာမှာ သေဆုံးသွားခဲ့တယ်လို့ ရဲမှတ်တမ်းအရ သိရပါတယ်။ ဓားနဲ့ထိုးခဲ့သူ ဆန်းလင်းဦးကို မြိတ်မြို့မရဲစခန်းက (ပ)၅၈၃/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။။ သတင်း - မြတ်ထွဋ် (မြိတ်)၊ ဓာတ်ပုံ - ရဲမှတ်တမ်း  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024