Homeမြန်မာသတင်း
တရုတ်နိုင်ငံဘက်ကို လက်နက်ကြီးကျ၊ တရုတ်နိုင်ငံသား ၁ ဦးသေ၊ မြန်မာ ၁ ဦး ဒဏ်ရာရ
တရုတ်နိုင်ငံဘက်ကို လက်နက်ကြီးကျ၊ တရုတ်နိုင်ငံသား ၁ ဦးသေ၊ မြန်မာ ၁ ဦး ဒဏ်ရာရ
DVB
·
March 10, 2017
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မှာ တိုက်ပွဲပိုမိုပြင်းထန်ခဲ့ပြီး တရုတ်ပြည်ဘက် ကို လက်နက်ကြီးကျည်တွေ ကျရောက်ခဲ့တဲ့အတွက် တရုတ်နိုင်ငံသားတဦး သေဆုံးပြီး မြန်မာနိုင်ငံသားတဦး ဒဏ်ရာရခဲ့ပါတယ်။
မနေ့က မတ် ၉ ရက်နေ့က နန်းဆန်မြို့နယ် နမ်းစီးလင်းရွာ ကြံခင်းဘက်ကို လက်နက်ကြီးကျည်တွေ ကျရောက်ခဲ့ပြီးတော့ ညနေပိုင်း ၄ နာရီလောက်က ကြံခင်းမှာ အလုပ်လုပ်နေတဲ့ တရုတ်နိုင်ငံသား သေဆုံးသွားတယ်လို့ တရုတ်နိုင်ငံရှိ ဒေသခံတဦးက ပြောပါတယ်။
"နောက်တယောက်က ဒီနန်းဆန်ထဲက ပတ်အိုက်ရွာ အုပ်စု ရှောက်ချန်ကိုးရွာမှာ ဖြစ်တာ။ မနက် ၈ နာရီဝန်းကျင်ပေါ့နော်။ ထိတဲ့လူက မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ သူပဲ။ အသက်၁၅ နှစ်ပဲရှိ သေးတယ်။ ခြေထောက်တစ်ဖက် ကျိုးသွားတာရ။ အခု နန်းဆန်မြို့ဆေးရုံမှာ ကုနေတယ်" လို့ သူက ဆက်ပြောပါတယ်။
တရုတ်ပြည်ဘက်တွက် လက်နက်ကြီး မကြာခဏကျရောက်တဲ့အတွက် မတ်လ ၈ ရက်နေ့က စပြီးတော့ ခြံစည်းရိုးနဲ့ ၂ ဖာလုံအကွာအဝေးကို သွားခွင့်မပြုဘဲ အနီးနားမှာရှိနေတဲ့ ဟိုတယ်တွေကိုလည်း ပိတ်ထားကာ လုံခြုံရေးလည်း တင်းကြပ်လာတယ်လို့ တရုတ်ပြည်ရှိ ဒေသခံတဦးက ဆက်ပြောပါတယ်။
အခုလက်ရှိအချိန်မှာလည်း တိုက်ပွဲငြိမ်သက်သွားပြီ ဖြစ်ပေမယ့် တရုတ်ပြည်ဘက်ကို လက်နက်ကြီး ၅ လုံးခန့် ထပ်မံကျရောက်နေကြောင်း သိရပါတယ်။
သတင်း - နိုင်နိုင်