လောက်ကိုင်မြို့တွင် ညမထွက်ရအမိန့် ထုတ်ပြန်
ခွန်ဇော်ဦး
·
March 7, 2017
တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း လောက်ကိုင်မြို့မှာ ညနေ ၅ နာရီကစတင်လို့ ညမထွက်ရအမိန့် ထုတ်ပြန်ထားပါတယ်။
ပစ်ခတ်မှုတွေဖြစ်ပြီးနောက် လောက်ကိုင်မြို့က ပြည်သူလူထုတွေဟာ မနေ့ မနက်ပိုင်းကစပြီး ဒီနေ့ညနေပိုင်းထိ တိမ်းရှောင် ထွက်ပြေးနေကြတာကြောင့် လမ်းမကြီးတိုင်းမှာ လူသူကင်းမဲ့သွားပြီး မြို့ဟာ လုံးဝဆိုသလို ခြောက်ကပ်သွားပါတယ်။
ဒီကနေ့ တိုက်ပွဲအနေနဲ့ကတော့ မြန်မာ-တရုတ်နယ်စပ်ဂိတ် ရန်လုံးကျိုင်းဂိတ်နဲ့ အမှတ် ၁၂၅ နယ်ခြား မှတ်တိုင်ကြားမှာ တိုက်ပွဲဖြစ်နေတယ်လို့ သိရပါတယ်။
လက်ရှိမှာ ရန်လုံကျိုင်း-လောက်ကိုင်လမ်းကို ပိတ်ထားတာကြောင့် ရန်လုံကျိုင်းမှာရှိတဲ့ ပြည်သူတွေ ဟာ လောက်ကိုင်မြို့ဘက်ကိုထွက်လာဖို့ ပိတ်မိနေကြပါတယ်။