Home
မြန်မာသတင်း
တယ်လီနောလိုင်းပါဝါစက် ၀ါယာရှော့ဖြစ်ရာမှ မီးလောင်မှုဖြစ်ပွား
DVB
·
February 25, 2017
tw4
tw3
tw2
tw1
tw
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ၀ဲကရင်ကျေးရွာမှာ ဖေဖော်ဝါရီ ၂၄ ရက် ညနေ ၄ နာရီလောက်က တယ်လီနောလိုင်းပါဝါစက် ၀ါယာရှော့ဖြစ်ရာကနေ မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။ မီးလောင်မှုကြောင့် ဆိုဒ်အမှတ် Kayin (1135) တာဝါတိုင်အတွင်း တယ်လီနောဖုန်းလိုင်းပါဝါစက် မီးလောင်ဆုံးရှုံးခဲ့ပြီး ပစ္စည်းဆုံးရှုံးမှုတန်ဖိုးကို စုံစမ်းစစ်ဆေးနေတယ်လို့ ကုမ္ပဏီက ပြောကြားပါတယ်။ မီးလောင်မှုဖြစ်ပွားရာကို သာမညမီးသတ်တပ်ဖွဲ့ဝင်အင်အား ၁၀ ဦးလောက်၊ မီးသတ်ယာဉ် ၁ စီး၊ ၀ဲကရင်ကျေးရွာ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေ ရောက်ရှိ မီးငြှိမ်းသတ်မှုကြောင့် ညနေ ၅ နာရီလောက်မှာ မီးညွန့်ကျိုးသွားခဲ့ပါတယ်။ “လိုင်းဒေါင်းတယ်ဆိုလို့ ဘားအံကနေလာတယ်။ ဒီမှာ ဘောက်လည် လာဖွင့်ကြည့်ရော ၀ါယာရှော့ဖြစ်တာ။ အဲဒါနဲ့ ကျနော်တို့လည်း မကိုင်ရဲဘူး။ ရုံးကို ချက်ချင်းအကြောင်းကြား။ ကြားပြီးတာနဲ့ နီးစပ်တဲ့ ပုဂ္ဂိုလ်ကို မီးသတ်ကို အကြောင်းကြားခိုင်းတာ၊ မီးသတ်ကို စောင့်ရင်း စောင့်ရင်း မထူးတော့ဘူးဆိုပြီး ဒီကရေနဲ့ ပက်လိုက်တာ။ ဘာဖြစ်လို့လဲဆို ဟိုဘက် အင်ဂျင်ကူးသွားမှာ ဆိုးလို့” လို့ တာဝန်ခံ အင်ဂျင်နီယာ ဦးသိန်းထွန်းက ပြောပါတယ်။ အခုလို တယ်လီနောဆိုဒ်တာဝါတိုင်အတွင်း ၀ါယာရှော့ဖြစ်မီးလောင်မှုမျိုး ကရင်ပြည်နယ်မှာ ပထမဦးဆုံးဖြစ်ပွားတာလို့ တာဝါတိုင်လာရောက်ပြင်ဆင်နေတဲ့ တာဝန်ခံ အင်ဂျင်နီယာက ပြောပါတယ်။ ရဲမင်းခေါင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024