ဦးကိုနီနှင့်ကိုနေ၀င်းတို့အတွက် အမှတ်တရဂုဏ်ပြုပွဲ သြစတေးလျတွင်ကျင်းပ (ရုပ်သံ)
DVB
·
February 13, 2017
ရန်ကုန်လေဆိပ်မှာ လုပ်ကြံပစ်သတ်ခဲ့ရသည့် ရှေ့နေ ဦးကိုနီနှင့် တက္ကစီယာဉ်မောင်း ကိုနေ၀င်းတို့ အတွက် အောက်မေ့ဖွယ် ဂုဏ်ပြုအမှတ်တရပွဲကို သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ဖေဖော်ဝါရီ ၅ ရက်က မြန်မာအသိုင်းအ၀န်းက ကျင်းပသွားပါတယ်။
ဒီပွဲမှာ ဆစ်ဒနီမှာရောက်ရှိနေတဲ့ တေးရေးအဆိုတော် ဆောင်းဦးလှိုင်၊ နာရေးကူညီမှုအသင်း (ရန်ကုန်)က ဒေါ်ရွှေဇီးကွက်နဲ့ မြန်မာ့ အရေးလှုပ်ရှားသူတွေက အမှတ်တရ စကားတွေပြောကြားခဲ့ကြပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအထောက်အကူပြုအဖွဲ့ဝင် ရှေ့နေဦးကိုနီဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၉ ရက်နေ့က သေနတ်နဲ့ ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခံရပြီး သတ်တဲ့သူကို လိုက်ဖမ်းတဲ့ တက္ကစီဆရာ ဦးနေ၀င်းလည်း သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့ပါတယ်။
ရုပ်သံ - သိန်းမိုးဝင်း