မြင်းခြံတွင် လျှပ်စစ်ဝါယာလျှော့ဖြစ်ပြီး မီးလောင်ကျွမ်း
DVB
·
February 10, 2017
မြင်းခြံမြို့၊ အမှတ် ၈ ရပ်ကွက်၊ နယ်မြေ ၁၊ အိမ်အမှတ် ၅၀ ဦးသန်းထိုက်ရဲ့ နေအိမ်က လျှပ်စစ်ဝါယာလျှော့ဖြစ်ပြီး ဖေဖော်ဝါရီ ၉ ရက် ညနေ ၆ နာရီလောက်က မီးလောင်ကျွမ်းခဲ့ပါတယ်။
မီးလောင်ကျွမ်းမှုကို မြင်းခြံမီးသတ်ဦးစီးဌာနက မီးသတ်ကား ၁၂ စီး၊ မြင်းခြံစည်ပင်သာယာက ရေကား ၂ စီး၊ အိုကေဓာတ်ဆီဆိုင်က မီးသတ်ကား ၂ စီး၊ ရွှေဓာတ်ဆီဆိုင်က မီးသတ်ကား ၁ စီးနဲ့အတူ မြို့ခံတွေ ဝိုင်းဝန်းငြှိမ်းသတ်ပေးခဲ့ရပြီး ည ၇ နာရီလောက်မှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
မီးလောင်ကျွမ်းမှုကြောင့် ဦးသန်းထိုက် နေအိမ်နဲ့အတူ အနီးဝန်းကျင်ရှိ အဆောက်အဦ လေးလုံး မီးလောင်ကျွမ်းခံခဲ့ရပြီး ဆုံးရှုံးမှုတန်ဖိုး ငွေကျပ် ၂၄ သိန်း ၃ သောင်းခန့်ရှိကာ အိမ်ရှင် ဦးသန်းထိုက်ကို ပေါ့ဆမီး ပုဒ်မ-၂၈၅ နဲ့ အမှုဖွင့် အရေးယူဆောင်ရွက်ထားတယ်လို့ မြင်းခြံမြို့ အမှတ် ၁ မြို့မရဲစခန်း တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
သတင်း - ရီရီထွန်း