Homeသတင်းဓာတ်ပုံ
မလေးရှားသင်္ဘောဆိုက်ကပ်ချိန် သီလဝါဆိပ်ကမ်းတွင် ရိုဟင်ဂျာမရှိကြောင်း ဆန္ဒထုတ်ဖော် (ဓာတ်ပုံ)
မလေးရှားသင်္ဘောဆိုက်ကပ်ချိန် သီလဝါဆိပ်ကမ်းတွင် ရိုဟင်ဂျာမရှိကြောင်း ဆန္ဒထုတ်ဖော် (ဓာတ်ပုံ)
DVB
·
February 10, 2017
မလေးရှားနိုင်ငံက ထောက်ပံ့ရေးသင်္ဘော မြန်မာနိုင်ငံကို လာရောက်ချိန်မှာ အမျိုးသားရေးညွန့်ပေါင်းအဖွဲ့က ရိုဟင်ဂျာမရှိကြောင်း အသိပညာပေး ကမ်ပိန်းကို သီလဝါဆိပ်ကမ်းရှေ့မှာ ဖေဖော်ဝါရီ ၉ ရက်က ပြုလုပ်ခဲ့ပါတယ်။
မလေးရှားနိုင်ငံက လာရောက်ထောက်ပံ့ပေးမယ့် သင်္ဘောကို ကန့်ကွက်တာ မဟုတ်ဘူးလို့ အဖွဲ့ခေါင်းဆောင် ကိုဝင်းကိုကိုလတ်က ပြောပါတယ်။
အခု အသိပညာပေး လှုပ်ရှားမှုလုပ်ခဲ့တဲ့ အမျိုးသားရေးညွန့်ပေါင်းအဖွဲ့ဟာ မလေးရှားနိုင်ငံက လာရောက်တဲ့ ထောက်ပံ့ကူညီရေး အစီအစဉ်တွေကို သဘောတူလက်ခံပေမယ့် ထောက်ပံ့ကူညီရေးဆိုတဲ့ ခေါင်းစဉ်ကို အသုံးချပြီး ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို နိုင်ငံတကာက မသုံးနှုန်းစေဖို့အတွက် အသိပညာပေးတာသာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင် ခိုးဝင်ဘင်္ဂါလီသမိုင်းသာ ရှိခဲ့ပြီး ရိုဟင်ဂျာသမိုင်း မရှိခဲ့ဘူးလို့ ဆိုပါတယ်။
ရိုဟင်ဂျာမရှိဘူးဆိုပြီး ပညာပေးကမ်ပိန်းလုပ်ခဲ့တဲ့ အမျိုးသားရေးညွန့်ပေါင်းအဖွဲ့မှာ အမျိုးသားရေးစောင့်ရှောက်နေတဲ့ သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ်ပေါင်း အယောက် ၅၀ နီးပါး ပါဝင်ခဲ့ကြပါတယ်။
သတင်း၊ ဓာတ်ပုံ - ဟိန်းကို